Part 42

15.5K 2K 70
                                    

"နင့်မာမားကို သတ်ခဲ့တာ...."

မျက်ရည်တစ်စက်က သူနဲ့မာမားရဲ့
ဓာတ်ပုံ မှန်လေးပေါ်လွင့်စင်ကျသွားတယ်။
ငိုဖို့တောင် သူ့မှာသတ္တိမရှိတော့ဘူးရယ်။

"ငါကြိုးကိုင်ခဲ့သမျှကို ခံခဲ့ရတာပေါ့ဟာ။
Hk....သနားစရာအကောင်းဆုံးကတော့
ဝမ့်မေဆိုတဲ့ ငတုံးမလေး.."

ငါ့အဒေါ်ရဲ့ မုသားစကားတွေထဲ
မင်းမာမား လမ်းမှားရောက်ခဲ့ရတာ...
ငါ့အဒေါ်ကြောင့် မင်းမာမား
မပျော်ရွှင်ခဲ့ရတာ...
မင်းရဲ့ ပျော်စရာကောင်းတဲ့ အသိုက်မြုံလေးကို
ငါ့ အသိုင်းဝိုင်းက ဖျက်ဆီးခဲ့တာ...

ချစ်ရသူရဲ့ ဆွေးနေတဲ့ မျက်နှာလေးကို
ပြန်မြင်ယောင်မိတော့ နှလုံးသားက
အခါခါသေတယ်။

ဒါဆို မာမားပြောခဲ့တဲ့ အချစ်ဆုံး
သူငယ်ချင်းဆိုတာ ၀မ်ကတော်ပေါ့
ဆိုတဲ့ခံစားချက်က တစ်ကိုယ်လုံးကို
ပူလောင်စေတာ မာမားပြောခဲ့တဲ့စကားကြောင့်။

"မာမား သူငယ်ချင်းက မာမားကို
လုံးဝ စိတ်နာသွားတာ။နောက်ဆုံးတွေ့ခဲ့တဲ့နေ့က
သူပြောခဲ့တဲ့စကားကို မာမားတစ်သက်လုံး
မေ့လို့ရမယ်မထင်ဘူး။
"သားစဉ်မြေးဆက်မုန်းတယ်"တဲ့
မာမား နားမလည်ခဲ့ဘူး။၂ယောက်တည်း
ဖြစ်တဲ့ကိစ္စမှာ ဘာလို့ နောက်လူတွေပါ
ဆွဲထည့်ဖို့ကြံနေတာလဲဆိုပြီး။
သားလည်း အဲ့လို အတ္တမကြီးရဘူးနော်.."

ရသ်ဘတ်ကိုဖိလို့ နာနာညှစ်လိုက်တယ်။
အသက်ရူဖို့ အခွင့်မပေးတော့တဲ့
နှလုံးသားက တစ်ကိုယ်လုံးကို
ကိုင်ရိုက်ထားသလို။

ဝမ်ရိပေါ်သာ သူတို့မိသားစုကို
မွှေခဲ့တဲ့ အသိုင်းဝိုင်းကလူမှန်း
သိခဲ့ရင် ......

မုန်းမှာပေါ့....

သေချာပေါက်ကို စိတ်နာသွားမှာ...
အပြစ်မရှိတဲ့သူ့မာမားကို
အဲ့လိုလုပ်ရက်တယ်ဆိုပြီး နာကြည်းသွားမှာ...

ပြီးတော့ ရှောင်ကျူးကို သတ်တဲ့တရားခံက
သူ့မာမားဆိုတာသိသွားရင်
အရမ်းရှက်ပြီး စိတ်ထိခိုက်သွားမှာရယ်။

ရှောင်ကျန့်တစ်ယောက်တည်း
ခံစားရရင်တော်ပါပြီ။
ချစ်သူစိတ်ဆင်းရဲရအောင်
အတိတ်တွေကို ရေပြန်မနူးချင်ဘူး။

Represented by Cinderella{Completed}Where stories live. Discover now