Part 16

19K 2.9K 86
                                    

"မာမား...သားလာတယ်..."

ကျူးလစ်ပန်းလေးကို အုတ်ဂူရှေ့မှာချရင်း
မြေပြင်ပေါ် ပိပြားနေအောင်ထိုင်လိုက်သည်။

"မာမားပျင်းနေလား..."

ကျောက်တိုင်လေးပေါ်က ဓာတ်ပုံလေးကို
လက်နဲ့အသာတို့ထိကြည့်ရင်း မေးလိုက်မိသည်။
မာမားက စကားပြန်မပြောပေမဲ့ ပြုံးပြနေတုန်းပဲ။

"သားလည်းပျင်းတယ်မာမားရယ်....
မနက်ဖြန်လည်း မာမားဆီသားထပ်လာရအုံးမှာ။
ဘာလိုလိုနဲ့ မားမားအိပ်နေတာ
၃နှစ်တောင်ပြည့်တော့မယ်..."

မာမားရဲ့ဘေးက မြက်ခင်းစိမ်းလေးတွေပေါ်
လှဲချလိုက်ပြီး မျက်လုံးအစုံကို
မှိတ်ထားလိုက်သည်။
နေရောင်ခြည်နွေးနွေးက သူ့မျက်နှာပေါ်ကျနေတာကို
မဖယ်မိ။သူသဘောကျတယ်လေ။

အတန်ကြာ  ထိုပုံစံတိုင်း
နေနေပြီးမှ ရုတ်ရက်ကိုယ်ပေါ်ကျလာတဲ့
အရိပ်တစ်ခုကြောင့်မျက်လုံးအစုံကို
ဖွင့်ကြည့်လိုက်မိသည်။
နေရောင်ထိုးနေတဲ့ အရိပ်ရဲ့ မျက်နှာကို
သူမမြင်ရ။

"ဘာလုပ်နေတာလဲရိပေါ်..."

ရင်းနှီးတဲ့ ငတုံးအသံမို့ သူထထိုင်လိုက်တော့
သေချာပါသည်။သူရဲ့ နှစ်ယောက်မရှိတဲ့ငတုံးလေး။

"မင်းဘာလာလုပ်တာလဲ!"

"ဒီနေ့ မာမားနှစ်ပတ်လည်မလို့
ငါ..ငါ့မာမားဆီလာတာလေ.."

သေချာကြည့်လိုက်တော့ ငတုံးလက်ထဲမှာ
တန်ဖိုးအသင့်တင့်ရှိတဲ့ ပန်းစည်းလေး။
ငတုံးက ဒါဝယ်ဖို့ကြပိုက်ဆံရှိပြန်ပြီပေါ့။

"မင်းပန်းဝယ်ဖို့ကျပိုက်ဆံရှိတာလား။
သုသာန်က ပန်းတွေကိုလာယူပြီး
ြုပန်ရောင်းနေတာတော့မဟုတ်ပါဘူးနော်.."

သူ့စကကို ငတုံးက မျက်စောင်းလေးထိုးရင်း
သက်ပြင်းချသည်။သူစိတ်မတိုချင်ဘူး
ဆိုတဲ့သဘော။

"မင်းကိုလာနှုတ်ဆက်မိတာငါ့အမှား။
သူများကို ဖိနှိပ်ပြောဖို့ပဲ မင်းမှာစကားတွေရှိတာ.."

ငတုံးက သူ့ကိုကျော်ပြီး ခပ်လှမ်းလှမ်းက
အုတ်ဂူလေးဆီလျှောက်သွားသည်။
မဟုတ်မှ..ငတုံးမာမားလား..

Represented by Cinderella{Completed}Where stories live. Discover now