Part 12

19.5K 2.7K 117
                                    

"ရှောင်ကျန့်...ဒီညနေ အားလား.."

"ဘယ်ညနေမှမအားဘူး... "

ရိပေါ်ခေါင်းကိုသာ တဗျင်းဗျင်းကုတ်ရင်း
ကျန်ခဲ့သည်။
ပါပါးက သူငယ်ချင်းကိုအိမ်ခေါ်လာခဲ့ ဆိုလို့
သူ ရှောင်ကျန့်ကို အားတဲ့ အချိန်လေး
အိမ်ခေါ်ဖို့လုပ်နေတာ။

ဒါပေမဲ့ တစ်လောကလုံးက
အချိန်ပိုင်း အလုပ်တွေ သိမ်းကြုံးလုပ်နေသလား
အောက်မေ့ရတဲ့ ရှောင်ကျန့်က
ရိပေါ်အတွက် အချိန်တစ်နာရီတောင်မပေးနိုင်။

"မင်း ပေါက်စီပဲလား..ရော့..ငါ့ထမင်း
ဗူးစား...မင်းဖို့ထည့်လာတာ.. "

ငတုံးကြောင့် နဲ့ ထမင်းဗူးတွေလည်း
ထည့်ခဲ့ဖူးသလို လူများတဲ့ အတန်းတွေလည်း
လိုက်နေဖူးပြီ။

ဘာလို့လဲ မသိပေမဲ့ သူအခုတလော
အဲ့လိုနေရာတွေသဘောကျတတ်လာသလိုပဲ။

"မစားတော့ပါဘူး...မင်း ဗိုက်ဆာနေမှာပေါ့..'

"ငါ့ဖို့လည်းပါပါတယ်။ရော့..မင်းကြိုက်တယ်မလား
ကြက်ဥလိပ်.."

တူနဲ့သေချာညှပ်ပြီး ရှောင်ကျန့် ချိုင့်လေးထဲ
ထည့်ပေးလိုက်သည်။ရှောင်ကျန့်က ချက်ချင်း
မစားသေးဘဲ ရိပေါ်ကိုကြည့်နေရင်းက

"ရိပေါ်..သူတို့ကို ပြန်လွှတ်လိုက်ပါလား..
ညောင်းနေရောပေါ့"

တောင့်တောင့်ကြီးရပ်နေတဲ့ Bodyguardတွေကို
လက်ညိုးထိုးရင် ရှောင်ကျန့်ကပြောတော့
ရိပေါ်ရယ်မိသည်။ ငတုံးက
တကယ့်ငတုံးလေး။

"ဘာဖြစ်လို့လဲ...သူတို့က ထမင်းချိုင့်တွေ
ပြန်သိမ်းသွားရမှာလေ.."

"သူတို့လည်းထမင်းစားချိန်ဗိုက်ဆာနေမှာပေါ့..."

"စားပြီးပါပြီကွာ..သူတို့အတွက် အချိန်တွေ
အများကြီးပိုနေတာမှ မစားထားရင်လည်း
ငတ်သေပေါ့.."

သူ့စကားအဆုံး ရှောင်ကျန့်က
လက်ကိုဖြတ်ခနဲလာရိုက်သည်။
အင်း..စကားပြောဆင်ခြင်အုံးမှ။

"ဒီညနေ မင်းမအားဘူးလား... "

"မအားပါဘူးဆို...မရစ်နဲ့ကွာ.."

ငတုံးကိုမှ ရစ်နေမိတဲ့သူက
စကားအရမ်းနည်းတဲ့ ၀မ်ရိပေါ်မဟုတ်တော့ဘူး။
လူအရမ်းခင်တဲ့ ၀မ်ရိကော်ဖြစ်နေပြီ။

Represented by Cinderella{Completed}Where stories live. Discover now