Part 35

16K 2.1K 146
                                    

"ဟိုကောင်မလေးက ဘာလို့တအားငိုနေတာလဲ"

အခန်းထောင့်က ကောင်မလေးကို
လက်ညိုးထိုးပြီးမေးလိုက်တော့
ကျန်းချန်က ခေါင်းရမ်းပြတယ်။

သဘောက တိုးတိုးပြောဆိုတဲ့သဘော။

"သူ့ကောင်လေးက မပေးလို့ဆိုပြီး
ထားခဲ့တာ။လူယုတ်မာကောင်ပါကွာ။
တကယ်ချစ်တော့လည်း ခံစားရတာပေါ့။"

ဘာရယ်မဟုတ် ၀မ်ရိပေါ်မျက်နှာကို
ပြေးမြင်မိပြီး တစ်ယောက်တည်း
ရှက်နေပြန်သည်က ရှောင်ကျန့်။

သူတွေဝေနေတုန်း ကျန်းချန်က အနောက်တန်းကနေ
အရှေ့တန်းကိုသူခိုးချောင်းချောင်းပြီး
ခုန်တက်လာသည်။
သူ့မှာလည်း ၀မ်ရိပေါ်ဆို သူရဲကြနေတာပဲ
ကြောက်ရှာတာရယ်။

"လိုက်ခဲ့ပါလား...မင်း အဒေါ်မိသားစုလည်း
ရှိမှမရှိတော့တာ။အေးအေးဆေးဆေး
ဖြစ်နေတဲ့ ကာလလေးကို
အထက်တန်းကျောင်းသားဘ၀မှာ
တစ်ခါတစ်လေ လေးဆိုးကြည့်ပါအုံး..."

ကောင်းသောမြူဆွယ်ခြင်းနဲ့မဟုတ်တဲ့
ကျန်းချန်က ရိပေါ်Toiletသွားတုန်းလေးခဏ
အနားကို အပြေးရောက်လာပြီး
ကျောင်းDinnerပွဲကို အရခေါ်နေသည်။

အားကစားသမားတွေဖို့သပ်သပ်မဟုတ်ဘဲ
လာချင်တဲ့လူလာလို့ရတာကြောင့်
တော်တော်များများသွားကြမဲ့ပုံ။

ရှောင်ကျန့်ဘ၀မှာ တစ်ခါတစ်လေလေးတော့
သူငယ်ချင်းတွေနဲ့ အတူတူ
ိဆိုင်ထိုင်ပြီး စကားလက်ဆုံ ပြောဖူးချင်သေးသည်။

အသားကင်လေးစားပြီး ရောက်တတ်ရာရာ
ပြောတဲ့ ကောင်မလေးတွေအကြောင်းကို
စိတ်မပါတောင်နားထောင်ချင်သေးသည်လေ။

သူ့စိတ်ထဲက အရာတွေကိုသာ ရိပေါ်သိရင်
ဘယ်လောက်တောင် ဒေါသထွက်လိုက်မလဲ။

ရိပေါ်ဆိုမှ သူလည်း Dinnerပွဲကို
လာမလားမသိ....

"ဒါနဲ့ ရိပေါ်ရော..လာမှာလားဟင်"

"လာစရာလား...၀မ်သခင်လေးက
လမ်းဘေးဆိုင်မှာဆိုဂျူလေး
သောက်ပြီး စကားလက်ဆုံလာပြောမယ်
ထင်နေတာလား...မင်းကိုတောင်
တစ်လမ်းတည်းက ဆိုင်မိုလို့ ငါတို့က
ဖိတ်တာ "

Represented by Cinderella{Completed}Where stories live. Discover now