🌚🌚Part 61🌚🌚

23.4K 2.1K 221
                                    

အခန်းထဲရောက်လို့ လွယ်ထားတဲ့ အိတ်ကလေးကို
ပစ်ချလိုက်တဲ့ ရှောင်းကျန့်က မျက်ခုံးအစုံ
အနည်းငယ်တွန့်ချိုးနေတယ်။
ဒါကိုမသိဘဲ အခန်းဝင်လာတဲ့ နောက်တစ်ယောက်
စပ်ဖြဲဖြဲအခွက်နှင့်။

"မင်းကတော့ ငါ့ကိုတောင်မစောင့်ဘူး။
လောလိုက်တာ အခန်းထဲကို ပြေးတတ်တာများ
တန်းလို့.."

ပြောရင်းကြယ်သီးတစ်လုံးချင်းကို အေးဆေးဖြုတ်လို့
ကျောပေးထားတဲ့ ရှောင်းကျန့်ကို လျှာသပ်ကြည့်နေတယ်။

ဇာတ်လမ်းလေး ပြန်ဆက်ရမယ်လေ။

"သူက ဘာလို့အိမ်မပြန်တာလဲ.."

ရုတ်တရက်ထွက်လာတဲ့ ရှောင်းကျန့်စကားကြောင့်
ရိပေါ် တွေတွေလေးဖြစ်သွားရင်းက

"ဘယ်သူ့ကိုပြောတာလဲ.."

"Camellia..ကားကြုံလိုက်စီးတယ်ပဲထင်နေတာ။
သူကဘာလို့အိမ်မပြန်သေးတာလဲ"

"သူ့အိမ်ကနေ ဆင်းလာတာလေ။"

"ဘာ!!!"

"ဟုတ်တယ်။သူ့အဖေနဲ့ရန်ဖြစ်ပြီး
အိမ်ပေါ်ကဆင်းလာတာ။ခဏတော့နေပါရစေဆိုပြီး
ပါပါးကိုသူက လှမ်းခွင့်တောင်းထားလို့ ငါက
နေခွင့်ပေးတာလေ..ဘာဖြစ်လို့လဲ"

မျက်စိကိုစုံမှိတ်လို့ အသက်ကိုဖြည်းဖြည်းချင်း
ရူထုတ်လိုက်ရတယ်။နေ့တိုင်းရနေတော့မဲ့
အကုသိုလ်တွေအတွက်သူပြင်ဆင်ထားမှလေ။

"ရပြီ!!"

ပြောပြီး အပေါ်အကျီင်္ကိုချွတ်လို့ ရှောင်းကျန့်က
ခပ်ဝေးဝေးကိုပစ်လိုက်တယ်။ပြီးတော့ ဘောင်းဘီ။
အကုန်လုံးကို အရှက်မရှိချွတ်ပစ်လိုက်တဲ့
ငတုံးကြောင့် ရိပေါ် ပါးစပ်ဟောင်းလောင်းနဲ့သာ
ကြည့်နေနိုင်ခဲ့သည်အထိ။

"ငါ့အ၀တ်တွေအကုန်ကောက်ထား။"

ပြောပြီး ရေချိုးခန်းထဲBath Towelလေး
ပတ်ပြီး ၀င်သွားတဲ့ရှောင်ကျန့်။
မြင်ကွင်းအစအဆုံးကိုလိုက်ကြည့်နေမိပြီး
သူ့ညီကအစာထတောင်းတာကြောင့်
ရိပေါ် ခြေချင်းလိမ်ထားရသည်။

အရင်လို ရေချိုးခန်းထဲပြေးဖို့လုက်ပေမဲ့
ယုန်ငညစ်လေးက မထွက်ပေး။

Represented by Cinderella{Completed}Where stories live. Discover now