Part 9

19.8K 2.7K 80
                                    

ရှေ့ကိုကမ်းလာတဲ့ လက်ဖြူဖြူလေးထဲက
ပိုက်ဆံအရေတွက်တွေကို သူမြင်ပေမဲ့လည်း
မသိချင်ယောင်ဆောင်နေလိုက်သည်။
ဒီအနေထားနဲ့ငတုံးရပ်နေတာကြာလှပြီ။
မသိချင်ယောင်ဆောင်ထားသည်က ငတုံးကို
သူစိတ်ကောက်နေတာကြောင့်။
မဟုတ်ဘူး....စိတ်ဆိုးနေတာ....

"ငါညောင်းနေပြီ...မင်းမယူသေးဘူးလား.."

"အကြွေးဘယ်လောက်လဲ ငါမမှတ်မိတော့ဘူး...
မင်းသိရင် အစကနေ ပြန်ရွတ်ပြ"

ညစ်မေး မေးလိုက်တော့ ငတုံးမျက်နှာက
သိသိသာသာရဲတတ်လာသည်။
ခံစမ်း......
ငါ့တုန်းကလည်း မင်းထက်မနည်းအောင်ခံထားရတာ။

မင်းရဲ့ချေမိုးတတ်တယ်ဆိုတာက
ငါအိပ်နေသလောက်ပဲရှိတာမလို့
အချေဘုရင်ကြီး ၀မ်ရိပေါ်ရဲ့
ချေမိုးမှု တွေကိုStep 1ကစပြီး
ခံစားကြည့်လိုက်စမ်း။

"ရိပေါ်....."

သူမထူးဘူး.....Ph Screenကိုသာ
သဲကြီးမဲကြီး ကြည့်နေလိုက်တယ်။
ငတုံးမျက်နှာကိုမော့ကြည့်ချင်စိတ်
ပြင်းပြလွန်းပေမဲ့ ရိပေါ်လေး မကြည့်ဘူး...
လုံးဝမကြည့်ဘူး...................

"ရိပေါ်.....မင်းမယူသေးဘူးလား.."

"........."

"Awww...ငါသိပြီ...ရော့...စုစုပေါင်း
55000...မနေ့က ဆန်ပြုတ်ဖိုးရယ်
ငါ့ကိုအိမ်လိုက်ပို့တာကြောင့်ရယ်....."

ငတုံးစကားကြောင့် သူသတိလက်လွတ်မော့ကြည့်မိသည်။
ငတုံးကို လိုက်ပို့တာ Taxiသမားယောင်
ဆောင်ပြီးပို့ခိုင်းခဲ့တာပါ။။
ခွေးသူတောင်းစားတွေ Suitကြီးတကားကားနဲ့
Taxiမောင်းပို့တယ်ထင်ပါ့။

သူပို့တယ်ဆိုတာကိုငတုံးမသိစေချင်တာကြောင့်
သူ့ရဲ့လက်ရွေးစင်Bodyguardတွေကို
Taxiသမားလုပ်ခိုင်းလိုက် ဆန်ပြုတ်သည်
လုပ်ခိုင်းလိုက်နဲ့ မညှာမတာခိုင်းခဲ့ရတာ။

သူဒီလောက်ထိ ငတုံးကို လုပ်ပေးတဲ့အရာတွေအတွက်
စိတ်ဆိုးသင့်ပါတယ်နော့။

"ကြောင်ကြည့်မနေနဲ့....ကိုယ့်ရှေ့ထိုးရပ်လာတဲ့
Taxiကြီးက ကိုယ့်အိမ်တန်းနေအောင်ပို့ပြီး
လမ်းဘေးက ဆန်ပြုတ်သည်ဆီက
ဆန်ပြုတ်ကို သူ့အပိုင်လိုဆွဲယူလာတဲ့သူက
ငါ့ဆီက ဘာပိုက်ဆံမှမယူဘဲ ဆေးသောက်ဖို့
ပြောသွားတည်းက မင်းစနက်တွေမှန်းသိပြီးသား.."

Represented by Cinderella{Completed}Where stories live. Discover now