"ရှီလျန်း!!!"
အိမ်ပေါက်ဝက လူတစ်ယောက်ရဲ့ဒေါသသံကြောင့်
အိမ်ထဲအပြေးဝင်ဖို့လုပ်မိပေမဲ့သူမလက်မောင်းတွေကို
လာချုပ်တဲ့လူတစ်စု။"ပြန်လိုက်ခဲ့စမ်း!!"
"မလိုက်ဘူး!!"
*ဖြန်း*
နာကျင်သွားတဲ့ပါးတစ်ဖက်ကို လျစ်လျူရူလို့
တန်ပြန် ခပ်မာမာအကြည့်နဲ့ကြည့်ပေးတော့
ဒေါသမွှန်နေတဲ့ ပါးပါးရဲ့မျက်နှာ။"ဘယ်အချိန်မှ နားဝင်မှာလဲ။ဟန်?နင့်မှာ
ဘယ်သူ့သွေးတွေအဲ့လောက်များနေလို့
ခေါင်းမာနေရတာလဲ""မသိပါဘူး။ဘယ်သူ့သွေးတွေ စီးလို့စီးနေမှန်းတောင်
စဉ်းစားလို့မရတော့ဘူး။ပါးပါးရဲ့ သမီးလည်းမဟုတ်သလို
မားမားရဲ့သမီးလည်း မဟုတ်ခဲ့လို့ ဖြေပေးကြပါအုံး။
ဘယ်နားက ကောက်မွေးစားထားလည်းဆိုတာ"လေပေါ်မြှောက်တက်သွားတဲ့လက်တစ်ဖက်အရ
နောက်ထပ်ရိုက်ချက်တစ်ခု ရောက်လာမယ်ဆိုတာ
သိပေမဲ့လို့ ခပ်စိမ်းစိမ်းသာပြန်ကြည့်နေလိုက်သည်။နာကျင်မှုဆိုတာ သူမရဲ့အဖော်ပဲဟာ။
"နင်အခုလိုခိုကပ်နေတာရိပေါ်သိသွားရင်
ဘယ်လိုလုပ်မလဲ။နောက်ဆုံးလုပ်ချင်တာလုပ်ပြီး
ငါ့ဆီပဲပြန်လာနေမဲ့အတူတူ ခေါ်တုန်းလိုက်ထား
ရှီလျန်း!""ဘယ်တုန်းက ပါးပါးဆီပြန်လာခဲ့ဖူးလို့လဲ။
ပါးပါးပဲ အခုလို အတင်းချုပ်ကိုင်ပြီး
ပြန်ခေါ်နေခဲ့တာချည်းပဲ။ရှီလျန်း ပါးပါးနားမှာ
မပျော်ဘူး။ပါးပါးရဲ့သွေးသားမဟုတ်ဘူးလို့
ထင်နေရင်လည်း ရှီလျန်းကို စွန့်လွှတ်လိုက်ပါတော့""ရှီလျန်း!!"
ထပ်ရောက်လာတဲ့ ပါးပြင်ရဲ့နာကျင်မှုက
အတော်ဆိုးပေမဲ့ ထုံကျင်နေမှုကြောင့်
မငိုတတ်ခဲ့။အနည်းငယ်ဝိုင်းစက်နေတဲ့
ပါးပါးမျက်ဝန်းတွေက စိုးရိမ်မှုကြောင့်လို့တော့
ခေါင်းစဉ်မတပ်ချင်ပါဘူး။"ရိုက်လို့ဝပြီလား။ရိုက်ရတာ ကျေနပ်သွားပြီဆို
ရှီလျန်းကိုထားခဲ့ပေးပါတော့။သမီးလည်း
ပင်ပန်းတတ်တယ်..."
YOU ARE READING
Represented by Cinderella{Completed}
FanfictionCinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယျ Cinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယ်