"ရိကျန့်လေး။ဒီနေ့ ဘာစာတွေသင်ခဲ့လဲ"
"ပြောပြတော့ Daddyသိမှာမလို့လား?"
သားတော်မောင်ရဲ့စကားနဲ့ ရိပေါ်ကအင်တင်တင်။
အင်းပေါ့လေ..သူတို့ကစာမတတ်ပေမတတ်လေး
တွေဆိုတော့လည်း။"ကိုကို..ချန်းယောလ်တို့ဘတ်ဟျွန်းဆီသွားကစား
ရအောင်လေ"ချန်းယောလ်လေးစကားကို ရိကျန့်ကနှာခေါင်းရူံ့ရင်း
"မသွားချင်ပါဘူး။ဟိုရောက်ရင် မင်းကငါ့ကို
သတိကိုမရတော့တာ""လုပ်ပါကိုကိုရာ။ချန်းယောလ်ကစားချင်လို့ပါ။
ဘတ်ဟျွန်းလည်းတစ်ယောက်တည်း ပျင်းနေမှာ""မင်းဖာသာသွားဆော့။ငါမလိုက်ဘူး"
ရိကျန့်လေးစကားဆုံးသည်နှင့် ချန်းယောလ်တစ်
ယောက်ငြိမ်ကျသွားသည်။ထို့နောက် သူကစား
လက်စ အရုပ်လေးတွေဆီသွားပြီးတိတ်တိတ်လေး
သွားထိုင်နေတာမို့ ရိကျန့်မနေနိုင်တော့။"ထထ...ကိုကိုလိုက်ပို့မယ်"
ထိုအခါမှပြုံးပြပြီးသူ့အစ်ကိုကို ပြေးဖက်လာသည်။
"ချန်းယောလ်ကိုကိုက အကောင်းဆုံးပဲ"
ရိကျန့်လက်ကိုဆွဲလို့အိမ်တော်ထဲက ထွက်သွား
သည့်ချန်းယောလ်လေးကြောင့်ရိပေါ်ကပြုံးသည်။"ချန်းယောလ်က ဘတ်ဟျွန်းလေးကိုတအား
သံယောဇဉ်ကြီးတာပဲ""ကလေးကို မင်းတအားအလိုလိုက်မနေနဲ့။
ပေါက်ကရတွေလည်းချန်းယောလ်ရှေ့မှာ
သွားမပြောနဲ့။သူက အကုန်မှတ်ထားတာ""ငါကတိုးတိုးလေးပဲပြောတာ။သူက ကိုက
နားအကြီးကြီးနဲ့ နားထောင်ပြီးအကုန်လိုက်
သင်နေတာ"ရိပေါ်စကားကို မျက်စောင်းနဲ့သာတုန့်ပြန်ပြီး
သားတို့ဆော့ထားသမျှအကုန်လိုက်သိမ်းနေ
လိုက်သည်။ခဏကြာတော့သူ့ခါးကိုလာရစ်
တွယ်တဲ့ရိပေါ်လက်တွေ။"ဘာဖြစ်နေတာလဲ။ဒါတွေရှင်းအုံးမယ်"
"မင်းကိုလွမ်းလို့"
"ရူးနေတာလား"
"အင်း။ရူးလောက်အောင်ချစ်တော့ အနားနား
ထားပြီး လွမ်းနေရတာ"
YOU ARE READING
Represented by Cinderella{Completed}
FanfictionCinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယျ Cinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယ်