Part 59

17.7K 2.1K 180
                                    

"ဘာလုပ်နေတာလဲ.."

သူ့ခါးကိုရစ်တွယ်လာတဲ့ ရိပေါ်ရဲ့
လက်တွေနဲ့အတူ ပခုံးပေါ်
မှီကျလာတဲ့ ခေါင်းလေး။

"ကြက်ဥလိပ်လုပ်နေတာ။"

"ငါကြိုက်တယ်..ကြက်ဥလိပ်လုပ်နေတဲ့
ကောင်လေးကို"

မနိုင်သလို ခေါင်းရမ်းကာရယ်မိတော့
သူ့လည်ပင်းဆီ နမ်းရိုက်လာတဲ့ရိပေါ်။

"ဘာလုပ်တာလဲ။ကောင်မလေးတွေ
ဝင်လာရင်ရှက်စရာကြီး.."

တကယ်လည်း ကောင်မလေးတွေရဲ့အလုပ်က
မီးဖိုထဲမှာ အများဆုံးရှိသည်မို့
သူတို့နှစ်ယောက်ကိုတွေ့ရင် ပြေးထွက်သွားကြတာ
အားနာစရာ။

"အဲ့တာဆို အခန်းထဲသွားမယ်..."

သူ့စကားကိုရှောင်ကျန့်က မျက်စောင်းလေး
တစ်ခုလှမ်းထိုးရင်း

"ငါ ဒါလေးပြီးအောင်လုပ်ချင်သေးတယ်။
မင်း ဗိုက်စာနေပြီလား..."

နှုတ်ခမ်းစူကာခေါင်းငြိမ့်ပြတော့
သူ့ငတုံးလေးက ချစ်ဖို့ကောင်းအောင်
ရယ်ပြသည်။

"ဒီနေ့Companyလိုက်ခဲ့"

"ဘာလိုက်လုပ်ရမှာလဲ"

"အိမ်မှာလည်းမင်းတစ်ယောက်တည်းလေ။
သားနဲ့ပါပါးမှမရှိတာ။"

"မလိုက်တော့ပါဘူး။ငါလိုက်လည်း
မင်းအလုပ်မဖြစ်ဘဲနေမှာပေါ့.."

"ကိုယ့်ယောင်္ကျား အလုပ်ကို လိုက်လေ့လာတယ်
သဘောထားပေါ့။မင်းကျောင်းပြီးရင်
လွှဲပေးလို့ရအောင်..."

လှုပ်ရှားမှုတွေ ရပ်တန့်သွားတဲ့
ရှောင်ကျန့်က သူ့ကို အဓိပ္ပါယ်ရှိစွာ
မော့ကြည့်လာတယ်။

"ငါ မင်းကုမ္မဏီမှာ အလုပ်မလုပ်ချင်ဘူး။"

"ရှောင်ကျန့်..."

"အလုပ်တစ်ခုကို အဆက်သွယ်နဲ့ဝင်ပြီး
အမြင့်မှာ အငြိမ့်သား ထိုင်မနေနိုင်ဘူး။"

"မင်းကိုရောဘယ်သူက အင့်..ရော့ ဆိုပြီး
အလုပ်စားပွဲပေးနေလို့လဲ။
ကိုယ့်မိသားစုရဲ့လုပ်ငန်းကို
လေ့လာဖို့ပြောတာလေ။မဆိုင်တာကို
ဘာလို့မာနတွေစွတ်ကြီးပြနေတာလဲ
ရှောင်ကျန့်..."

Represented by Cinderella{Completed}Where stories live. Discover now