Part 60

18.2K 2.2K 283
                                    

"နိုးပြီလား..."

Suitအပြည့်အစုံနဲ့ရိပေါ်က ထမင်းစားစားပွဲဆီ
ခပ်ပြုံးပြုံးကြီးလျှောက်လာတယ်။
တကုတ်ကုတ်နဲ့ အလုပ်ရူပ်နေတဲ့
သူ့ခင်ပွန်းလေးက မနက်ခင်းရဲ့
ရေကြည်အေးလေး။

"မင်းစားဖို့ငါးပေါင်းထားတယ်။"

"မင်းက ငါစားချင်တာ သိနေတော့တာပဲ"

ခါးသေးသေးလေးကိုနောက်ကနေ
ထွေးဖက်လိုက်တော့ထွက်လာတဲ့
ရယ်သံလွင်လွင်လေး။

"နံနက်စာ စားတော့။ချွဲမနေနဲ့ "

ရှောင်ကျန့်စကားဆုံးသည်နှင့်ရိပေါ်က
ဘေးခုံကိုဆွဲလို့ ထိုင်လိုက်သည်။
သူစားဖို့ လုပ်ပေးနေတဲ့ရှောင်ကျန့်ကို
မေးထောက်ပြီးကြည့်နေရတဲ့ အခိုက်အတန့်
လေးက တန်ဖိုးဖြတ်မရ။

"လက်က..."

လက်ဖဝါးရဲရဲလေးမှာ အညိုစင်းကြောင်းတစ်ခုကြောင့်
သူမေးလိုက်တော့ရှောင်ကျန့်က
ဘာမှမဖြစ်သလိုပြုံးရင်း

"တံခါးညှပ်တာပါ...ညက.."

ရှောင်ကျန့်စကားကြားရတော့ ကိုယ့်ကိုကိုယ်သာ
အပြစ်တင်မိသည်။သူသာနောက်မကျရင်
ရှောင်ကျန့်တံခါးအလေးကြီးကို
တွန်းဖွင့်ရမှာမဟုတ်ဘူး။

"ဘာလုပ်တာလဲ..."

ရိပေါ်က ရှောင်ကျန့်လက်လေးကို
ဆွဲယူလို့ အညိုစင်းကြောင်းကြီးပေါ်
နှုတ်ခမ်းတွေကို ဖိကပ်ထားလိုက်တော့
ရှောင်ကျန့်က တအံ့တသြလေးနဲ့ရုန်းသည်။

"ငြိမ်ငြိမ်နေ...ဆေးကုပေးနေတယ်.."

အတန်ကြာထိကပ်ပြီးမှ
ရှောင်ကျန့်လက်ဖဝါးလေးကို
ပါးပြင်ပေါ်အုပ်မိုးစေပြီး

"နောက်တစ်ခါ ငါ့ကို မနက်စာ
လုပ်ပေးဖို့အဆင်မပြေရင် နားပါကွာ။
တစ်မနက်လေး မစားရလို့
ဘာမှမဖြစ်ပါဘူး.."

"ရပါတယ်။သွေးခြေလေးဥသွားတာကို
သည်းလိုက်တာ..."

မျက်စောင်းထိုးကာပြောလိုက်တော့
ရိပေါ်က သွားဖြဲလေးနဲ့ရယ်ပြသည်။
ဒီလို ကလေးဆန်တဲ့ အမူအယာလေးက
သူ့တစ်ယောက်တည်းအတွက်ပဲ ဖြစ်နေခဲ့လို့
ပျော်မိပါတယ် ရိပေါ်။

Represented by Cinderella{Completed}Where stories live. Discover now