Part 82

12.8K 1.6K 145
                                    

"Mifepristoneဆေးပမာဏက
တော်တော်များများ ဗိုက်ထဲ
ရောက်သွားတယ်။ပြီးတော့ ချက်ချင်းဆိုသလို
ဆေးရုံကို အချိန်မှီမရောက်လာခဲ့ဘူး။
ပျက်ဆီးသွားတဲ့ သန္ဓေသားက အလိုလို
ထွက်မကျလာလို့ ခွဲစိတ်မှုကို ပြုလုပ်လိုက်ရတာပါ။
ပြီးတော့ ... လူနာကို အချိန်ယူပြီး စိတ်ကို
အဆင်သင့်ဖြစ်အောင် ပျိုးထောင်ပေးပါ။
ရည်ရွယ်ချက်ရှိရှိဖျက်ချတဲ့သူတွေတောင်မှ ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်းတွေစိတ်ဝေဒနာ
ရတတ်ကြတယ်။ဒီကအမျိုးသားက အိမ်ထောင်
ဦးစီးပဲဟာ။လုပ်နိုင်မှာပါ"

သက်ပြင်းလေးလေးကိုချလို့ဆရာ့ကိုသာ ငေးမော
ကြည့်မိတယ်။တကယ်ကို အကုန်လုံးက
သူ့ဆီက အားအင်တွေလိုအပ်နေတာပဲ။
သူတကယ် ထမ်းပိုးထားနိုင်ပါ့မလား။

"ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက်လက္ခဏာတွေကတော့
ပြလာမှာပဲ။ယောင်္ကျားလေးကိုယ်ဝန်ဆောင်မို့
သေချာစောင့်ရှောက်ပေးစေချင်တယ်။
ဆေးပုံမှန်တိုက်ပါ။စိတ်အခြေနေကို ပျော်အောင်
ထားပေးပါ။"

ငတုံးစိတ်ပျော့ပုံနဲ့တော့ ဟုတ်နေပါပြီ။
ဒီကလေးလေး ထွက်သွားတယ်ဆိုတဲ့အကြောင်းကို
ဘယ်လို မျက်နှာနဲ့ပြောဝံ့ရပါ့မလဲ။

"ကျေးဇူးပါဆရာ။ကျွန်တော်သေချာ ဂရုစိုက်လိုက်ပါ့မယ်"

ဆရာထုတ်ပေးတဲ့ဆေးကိုယူလို့ အခန်းထဲ
ပြန်လာတော့ ဆေးရုံကုတင်လေးပေါ်မှာ
ခြေထောက်ချလို့ ထိုင်နေတဲ့ ရှောင်းကျန့်က
ပြန်ဖို့အဆင်သင့်ဖြစ်နေပြီ။

"ဟီး...ရိပေါ်လာပြီ"

ဘာမှမသိရှာသေးတဲ့ ရှောင်းကျန့် တကယ်လို့
ကလေးလေးမရှိတော့တာသာသိရင် အခုလို
ပြုံးနေပါအုံးမလား။

"ငါကပြန်ချင်နေပြီ။မင်းကိုစောင့်နေတာ"

"အင်း..သွားမယ်"

ရှောင်းကျန့်ရှေ့ ဒူးထောက်ထိုင်လို့ ဟိုတလောက
ဝယ်ပေးထားတဲ့ ဖိနပ်နီနီလေးကို စီးပေးလိုက်တယ်။
ရှောင်းကျန့်လက်မောင်းရင်းကနေကိုင်လို့
ကုတင်ပေါ်ကနေ ဖြေးဖြေးချင်း ဆင်းစေတော့
သူ့လက်မောင်းကို လာချိတ်တွယ်လာတဲ့ ငတုံးလက်ကလေးတွေ။

Represented by Cinderella{Completed}Where stories live. Discover now