"နိုးပြီလား!!"
သူ့ရင်ခွင်ထဲ အိပ်ပျော်နေတဲ့ ရှောင်းကျန့်
နှာလုံးလေးကိုဖျစ်ညှစ်လို့ပြောလိုက်တော့
မျက်လုံးလေးမဖွင့်သေးဘဲ သူ့ရင်ခွင်လေးထဲသာ
တိုးဝင်နေသည်။နဖူးပေါ်က ဆံစလေးတွေကို
သပ်တင်ပေးရင်း ထပ်အိပ်ဖို့ပြင်လိုက်တော့"ကမ်းခြေခေါ်လာပြီး ဘာမှလည်းမလုပ်ဘူး"
"လုပ်ပြီးပြီလေ။မ၀သေးဘူးလား!"
"အဲ့တာပြောတာမဟုတ်ဘူး။ရေလည်းမဆော့ရဘူး။
အုန်းရည်လည်းမသောက်ရဘူး။ရောက်ရောက်ခြင်း
မဟုတ်တာလုပ်တာခံရတယ်!""ဆော့ရပါမယ်ကွာ။စိတ်ချပါ။မင်းကို ကျွန်းလေးဆီ
လိုက်ပို့ဖို့တောင်ပြင်ထားတာ။""ဟင်!!ဘယ်ကျွန်းလဲ!"
"ငါဝယ်ထားတဲ့ကျွန်းလေး!!"
"ငါသွားချင်တယ်။!!"
"သွားရမယ်စိတ်ချ!!"
ထိုအခါမှပြုံးပျော်သွားတဲ့မျက်နှာလေးနဲ့
ရှောင်းကျန့်က သူ့ရင်ဘတ်ပေါ်
ခေါင်းလေးအုံးလို့အိပ်စက်လာသည်။"ဒီည ဘယ်သွားကြမလဲ။ကမ်းခြေမှာ
မီးပန်းလွှတ်မလား!""အင်း။လွှတ်မယ်လေ!!"
"အခုတော့အိပ်တော့!!"
ခါးသေးသေးလေးကို အတင်းနဲ့ပွေ့ဖက်လို့
ရင်ခွင်ထဲထည့်လိုက်တော့ နာကျင်မှုကြောင့်
ထအော်တဲ့ငတုံးလေး။ကျိန်ဆဲတာတောင်
ချစ်ဖို့ကောင်းနေတဲ့ ဒီယောင်္ကျားလေးနဲ့တော့
ရိပေါ် ဘ၀င်ကောင်ဖြစ်ချင်နေပါပြီ။〰️〰️〰️〰️〰️〰️
"ဒီကျွန်းလေးလားမင်းဝယ်ထားတယ်ဆိုတာ"
"အင်းလေ!!"
လူမရှိသူမရှိကျွန်းလေးကိုကြည့်ပြီးငတုံးက
တအံ့တသြမေးလာသည်။လိုက်ပို့တဲ့
စက်လှေသမားကတော့ ပြန်သွားလေပြီ။"ဒီည တို့ဒီမှာအိပ်မှာ!"
"ဟင်!သောင်ပြင်ပေါ်မှာလား။မဖြစ်ဘူးနော်။!"
"လာ..လိုက်ခဲ့!"
ငတုံးလက်လေးကိုဆွဲလို့ ကျွန်းလေးပေါ်
လှမ်းလာခဲ့လိုက်တော့ မီးတွေ လင်းလက်နေတဲ့
ပျဉ်ထောင်အိမ်ပုလေးတစ်လုံး။
YOU ARE READING
Represented by Cinderella{Completed}
FanfictionCinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယျ Cinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယ်