Part 80

12.8K 1.7K 206
                                    

"အ....ငါ့...ငါ့ဗိုက်!"

ဆစ်ခနဲထိုးကိုက်လာတဲ့ဗိုက်ကိုနှိပ်လို့ ရေရွတ်မိတော့
သူ့ပခုံးကို လာဆုပ်ကိုင်တဲ့Camellia.

"အဆင်ပြေသွားလိမ့်မယ်နော်"

"ဟင်...ရိ..ရိပေါ်ကိုခေါ်..အား.."

ပိုပိုတိုးလာတဲ့ဝေဒနာကြောင့် ဗိုက်ကိုဖိနှိပ်ရင်း
ခေါင်းငုံ့ထားမိသည်။ချွေးသီးချွေးပေါက်တို့
စီရီလာတဲ့သူ့နားထင်ကို Camelliaက
လက်ဖဝါးနဲ့အသာသုတ်ပေးရင်း

"မောင်းတော့ Lucas!!"

အမိန့်ပေးသံတစ်ခုသူမဆီက ထွက်ပေါ်လာတာနဲ့
Lucas မောင်းနှင်ကာ
ဖြေးညှင်းစွာလှိမ့်သွားတဲ့ကားဘီးလေး။

"ဘယ်ကိုလဲ။ငါ...မလိုက်...အား..."

ပိုတိုးလာတဲ့ဝေဒနာနဲ့အတူ သူမအကြံအစည်ကို
ရိပ်မိခဲ့သည်။စူးစူးရဲရဲပြန်ကြည့်ပေးလိုက်သည်နှင့်
ဝမ်းနည်းမျက်ရည်တွေဖြင့်ကြည့်နေသည့်သူမ။

"ငါ့..ငါ့ကိုအဲ့လိုမကြည့်ပါနဲ့ရှောင်းကျန့်။
ငါ..ငါလည်း မတတ်သာလို့"

"နင့်ကိုမုန်းတယ်Camellia!!!နင့်ကို...
သေလောက်အောင်..မုန်းတယ်"

အားတင်းလို့ပြောထွက်လိုက်တဲ့စကားလုံးတွေကို
သူမကခေါင်းတခါခါနဲ့ကြည့်လာတယ်။
ဗိုက်တစ်ဝိုက်ကိုဖိနှိပ်ထားတဲ့ သူ့လက်တွေကို
အတင်းနဲ့ဆွဲကိုင်ယူရင်း

"ငါ့..ငါ့ကိုမမုန်းပါနဲ့။ငါနင့်ကိုချစ်တယ်ရှောင်းကျန့်။
ဒီကလေးပျက်ကျသွားလည်း နင့်သွေးသားလေးကို
ငါထပ်...."

"နင်နဲ့ အတူနေမဲ့အစား ...ငါ့ပဲသတ်ပစ်လိုက်"

"ဟင့်အင်း။နင်ငါနဲ့အတူနေရမယ်။ရိပေါ်နဲ့
ပတ်သတ်သမျှအကုန် ငါမလိုချင်ဘူး။
နင်သိလားရှောင်းကျန့်။ငါနင့်ကိုအရမ်းချစ်တာ"

နာကျင်မှုကြောင့် ခပ်မှေးမှေးဖြစ်နေတဲ့ မျက်လုံးတွေထဲမှာ
သူမ မျက်နှာက အကျည်းတန်စွာပေါ်လွင်နေတယ်။

*ကျွီ!!!!*

ကားဘရိတ်ဆွဲသံညံစီသွားတဲ့ မြို့ပြင်က
လမ်းလေးမှာ သူတို့ကားလေးရဲ့
ရှေ့ အနက်ရောင်ကားတွေ စီတန်းစွာ။

Represented by Cinderella{Completed}Where stories live. Discover now