Part 18

18.5K 2.7K 116
                                    

🍀ငါ့အချစ်တွေခင်းထားတဲ့
နန်းတော်လှေကားထစ်တွေကို တစ်ဆင့်ချင်း  ချနင်းပြီး
ရင်ခွင်ထဲ ဖြေးဖြေးချင်းလာခဲ့...
12နာရီကျော်ရင်တောင် ငါစောင့်ပေးနိုင်တယ်🍀

"၀င်လေ..."

ကားလေးပေါ်ကနေ မဆင်းသေးတဲ့
ငတုံးက ပြူးကြောင်ကြောင်နဲ့ပြန်ကြည့်လာသည်။
သူ့လက်တစ်ဖက်ကို ကမ်းပေးလိုက်တဲ့ထိ
ပွင့်ဟနေတဲ့သူ့ပါးစပ်လေးက
မပိတ်ရသေးဘူး။

လက်ကို ကမ်းပေးဖို့ အချက်ပြလိုက်တော့
သူ့လက်ထဲရောက်လာတဲ့ လက်ဖဝါးသေးသေးလေးတစ်ဖက်။

အခုပုံစံက မင်းသမီးလေးကို
တယုတယ မြင်းလှည်းပေါ်ကနေ
ကြိုဆိုပြနေသလိုပဲ။။

"မင်းအိမ်လား..."

သူခေါင်းငြိမ့်ပြလိုက်တော့ ငတုံးက
တအံ့တသြ လိုက်ငေးကြည့်နေသည်။
တပ်မက်မှုမဟုတ်တဲ့ ခပ်တုံးတုံး
အကြည့်လေးတွေသူသဘောကျတယ်....

"ငါ့ကိုဘာလို့ခေါ်လာတာလဲ.."

"လာ..အထဲရောက်ရင်သိမယ်.."

ငတုံးလက်လေးကိုဆွဲခေါ်သွားပြီး
ဧည့်ခန်းက ပါပါးရှေ့မှာ
မတ်တပ်ရပ်ရင်း

"ပါပါး...သားသူငယ်ချင်းလာတယ်..."

ပါပါးက ဖတ်နေတဲ့သတင်းစာကို
ကျော်ပြီးသူတို့ကိုလှမ်းကြည့်တာမို့
ရှောင်ကျန့် အလျင်အမြန်အရိုသေပေးလိုက်ရတယ်။
နိုင်ငံရဲ့ ၀န်ကြီးတစ်ယောက်ရှေ့မှာ
လေးစားသမှုနဲ့နေသင့်တယ်လေ။

"အေအေ...သားနာမည်က.."

"ရှောင်ကျန့်ပါ ၀န်ကြီး.."

"ဦးလေးဝမ်လို့ပဲခေါ်ပါ...စာသွားလုပ်လေ။
ခဏနေ ပါပါး မုန့်တွေလာပို့ပေးမယ်"

"ဟုတ်!!"

ရှောင်ကျန့်လက်ကိုပဲ ဆွဲပြီး မြောက်ဆွဆွနဲ့
ရိပေါ်ကြောင့် သူဘာမှမသိဘဲ
ကန့်လန့်တိုက်ပါသွားရပြန်တယ်။

Represented by Cinderella{Completed}Where stories live. Discover now