Part 13

19.3K 2.7K 97
                                    

လက်ပတ်နာရီလေးကိုကြည့်ရင်း
ကျောင်းပေါက်ဝကို လှမ်းမျှော်ကြည့်နေလိုက်သည်။
၉နာရီထိုးတော့မည်။ရိပေါ်ခုထိ
ရောက်မလာသေး...

ကျောင်းတတ်ခေါင်းလောင်းထိုးသွားသည်နှင့် သူလည်း
စိတ်ပျက်စွာ အခန်းထဲ လျှောက်လာခဲ့လိုက်သည်။
ရိပေါ် ဘယ်လောက်တောင်စိတ်တိုသွားပါလိမ့်နော်။

စာသင်ချိန်မှာလည်း ထူးဆန်းစွာ
အာရုံစိုက်မရဘဲ ရိပေါ်ကိုသာ
မျှော်နေမိသည်။
အရင်လို ရိပေါ်ရောက်လာလို့ထအော်တဲ့
ကောင်မလေးတွေ အော်သံကို
သူမျှော်လင့်နေမိသည်။

နေ့လည်စာစားချိန်မှာလည်း ရောက်မလာတဲ့
ရိပေါ်ကြောင့် သူA1အခန်းထဲ
မယောင်မလည်နဲ့ လျှောက်သွားမိသည်။
အကြောင်းအရင်းမရှိဘဲ A1အခန်းသွားတာ
ဒါပထမဆုံးပင်။

"ရိပေါ်!!"

နောက်ဆုံးခုံမှာ အိပ်နေတဲ့ ရိပေါ်ကို
တွေ့တော့ သူဝမ်းသာသွားရသလို
တစ်ဆက်တည်း ၀မ်းနည်းသွားရသည်။
ရိပေါ်ကျောင်းလာရက်သားနဲ့
သူ့ ဆီလာမတွေ့ဘူးဆိုတဲ့အသိကြောင့်....

ဘာပဲဖြစ်ဖြစ် ရိပေါ်ကျောင်းတတ်သည်ဆိုတော့
သူကျေနပ်ပါသည်။သွားနှုတ်ဆက်ဖို့ပြင်ပြီးမှ
မနေ့ကကိစ္စခေါင်းထဲရောက်လာပြီး
မနှုတ်ဆက်ရဲ...

"ထမင်းစားပြီးပြီလားလို့သွားမေးရမလား..
ဒါမှမဟုတ်...နေကောင်းလားလို့
စကားစရမလား..."

တစ်ယောက်တည်းအတွေးများနေစဉ်
ကျောပိုးအိတ်ကို ဘေးတစ်စောင်းလွယ်ရင်း
ရိပေါ် အခန်းပြင်ကိုထွက်လာသည်။

နံရံမှာကပ်နေတဲ့ သူ့ကိုတွေ့တော့
တစ်ချက်ပဲကြည့်ပြီး သွားစရာရှိတာကို
ဆက်သွားသည်။

"ရိပေါ်..."

လက်မောင်းကိုမသိမသာ လှမ်းဆွဲလိုက်တော့
ပုတ်ထုတ်ခံလိုက်ရတဲ့သူလက်လေးက
တံခါးဘောင်နဲ့ အရှိန်ပြင်းစွာမိတ်ဆက်သွားသည်။

ရိပေါ်က ဂရုမစိုက်စွာ ထွက်သွားပြန်ပြီ။
နာနေတဲ့လက်ပို ဥပေက္ခာပြုရင်း
ရိပေါ်နောက်ပြေးလိုက်တော့
သူတို့နောက်မှာ ပါလာသည်က
အော်ဟစ်နေသည့်မိန်းကလေးများ။

Represented by Cinderella{Completed}Where stories live. Discover now