Part 19

18K 2.7K 115
                                    

ရှောင်ကျန့် စက်ဘီးလေးကိုကိုင်ရင်း
သက်ပြင်းတွေသာ အကြိမ်ကြိမ်ချနေမိတယ်။
အခြားတော့မဟုတ်ဘူး။
ရိပေါ်က သူ့စက်ဘီးနောက်ကလိုက်မယ်ဆိုပြီး
ဂျီကျလို့။

အတင်းနဲ့စက်ဘီးပေါ်ခွတက်နေလို့ သူ့Bodyguardတွေကို
အကြောင်းသွားကြားပေးဖို့ ပြောရသေးတယ်။
ငနဲက Phတောင်မပါလာဘူးတဲ့။

ခဏကြာတော့ မောကြီးပန်းကြီးနဲ့
ပြန်ရောက်လာတဲ့ရိပေါ်က သူ့ကိုပြုံးပြပြန်တယ်။
တစ်နေ့တည်းတင်သူပြုံးတာ
၂၆ခါရှိပြီ။

"ငါက ထားသွားပြီမှတ်နေတာ..."

"ငါစောင့်မယ်လို့ပြောထားတာပဲ။
မထားခဲ့ပါဘူး..."

ပြောပြီးစက်ဘီးကိုနင်းဖို့ပြင်လိုက်တော့
နောက်ကနေသူ့ခါးဆီ ရစ်သွယ်လာတဲ့
ရိပေါ် ရဲ့လက်တွေ။

"ပြုတ်ကျမှာကြောက်လို့... "

ရှောင်ကျန့် မျက်စောင်းကိုတစ်ယောက်တည်း
ထိုးလိုက်မိသည်။သက်ပြင်းကိုချရင်း
စက်ဘီးလေးကိုခပ်မှန်မှန်လေးနင်းတော့
သူ့ကျော်ပေါ် မှီလာပြန်တဲ့ရိပေါ်ရဲ့ခေါင်း။

"ဘာဖြစ်နေတာလဲမင်း..."

"ပျင်းလို့...ကြာတော့စက်ဘီးပေါ်မှာတောင်
အိပ်ပျော်သွားမှာကြောက်ရတယ်..."

"မင်းကိုယ်ကြီးကို တင်နင်းပေးနေတာပဲ
ကျေးဇူးတင်..."

ရိပေါ်က ရှောင်ကျန့်ကျောကိုမှီရင်း
ပြုံးတယ်။ငတုံးဆီက ကိုယ်သင်းနံ့လေးက
ကျောဘက်ကနေတောင် မွှေးနေတုန်း။
ရင်ဘတ်ထဲ ခေါင်းတိုးပြီး ခွေးပေါက်လေးလို
ဆိးုလိုက်ရရင် ငတုံးကိုယ်သင်းနံ့ကို
အပြည့်အ၀ရမှာ။
တစ်နေ့လောက်တော့ ယုတ်မာပြီး
ခေါင်းတိုးဖို့တွေးလိုက်တယ်။

တိုးလာမဲ့ခေါင်းလေးကို ငတုံးခေါက်မထုတ်ဖို့ပဲလိုတာ...

〰️〰️〰️〰️〰️

"ရိပေါ်...စာသင်နေတုန်း ပီကေမစားနဲ့.."

"ကုန်တော့မှာပါ..ငါခံတွင်းချဉ်နေလို့.. "

"ငါမကြိုက်ဘူးကွာ..လှုပ်စိလှုပ်စိနဲ့
လူမိုက်ကြနေတာပဲ..."

ငတုံးမျက်ခုံးလေးနှစ်ခုက အလယ်ကို
စုနေပြီ။နှုတ်ခမ်းရဲလေးက ရှေ့ကို
စူထွက်လာသေးတော့ စိတ်အလိုမကျဘူးဆိုတဲ့သဘောပေါ့။

Represented by Cinderella{Completed}Where stories live. Discover now