Part 21

18.3K 2.8K 71
                                    

စီးကရက်တွေထိုးချေခံလိုက်ရတဲ့ ပြာခံခွက်လေးနဲ့အတူ
ဘေးနားက ၀ိုင် ခွက်တွေက ကစဥ့်ကလျား။

ခပ်ရေးရေးဖြစ်တည်နေတဲ့သူ့အပြုံးက
သူ့ရှေ့မှာ ဆိုဂျူကို ပုလင်းလိုက်
မော့နေတဲ့အမျိုးသမီးဆီရောက်သွားတယ်။

လေချဉ်တစ်ချက်တက်လိုက်ပြီး
ဆိုဂျူပုလင်းကိုဆွဲလုလိုက်တော့
အမျိုးသမီးကြီးက မျက်စောင်းတစ်ခုနဲ့
ပုလင်းကိုလာလုတယ်။

"ဒီတိုင်းပဲသေတော့မလို့လား..ရှောင်မိန်.."

"ကျစ်!!ငါလည်းကြံနေတာပဲ...
အဲ့ ဘယက်က အစအနကိုရှာမရလို့
ညစ်နေပါတယ်ဆိုနင်ကတစ်မျိုး..."

သူမစကားကို ဂျောင်ခပ်ကျကျနေရာကနေ
ဖဲချပ်တွေကိုကစားနေတဲ့ ကောင်မလေးတစ်ယောက်က
ခေါင်းရမ်းရင်း

"မာမားဒီလို နှေးနေပုံနဲ့ဆို စွေ့ရီကတော့
အထင်မကြီးတော့ဘူး...အန်တီလေးထားခဲ့တဲ့
အဲ့ဘယက်က ရှောင်ကျန့်မဖွက်ထားရင်
ဘယ်သူ့ဆီမှာ ရှိရမှာလဲ...3နှစ်လုံးလုံး
အနီးကပ် စောင့်ကြည့်တာတောင်
သတင်းအစလေးမရမှတော့ ဒီတိုင်းပဲ
ငတ်သေကြတော့...၀မ်သခင်လေး ပေးထားတဲ့
ဆိုင်လည်း ပြောင်ပြီ။မောင်လေးကလည်း
ဆေးကုန်ရင် သောင်းကျန်းတာ မားတို့လည်းအသိ။
အခုဘယ်လိုလုပ်ကြမလဲ..."

ခေါင်းကိုတဗျင်းဗျင်းကုတ်နေသည့်
ရှောင်မိန်က စုတ်သပ်ကာ အိပ်ခန်းထဲ
ဝင်သွားသည်။

ရှောင်ကျန့်ဆီကနေပြောင်းလာတည်းက
ထမင်းလည်းမနပ်မှန်...
ယောင်္ကျားနဲ့သူက ခွက်ပုန်းခုတ်သလို
သမီးဖြစ်သူကလည်းဖဲဝိုင်းကမထ။

ဒီကြားထဲ အငယ်ဆုံးလေးက ဘိန်းစားနေတတ်ပြီ။
ရှောင်ကျန့်ဆီပြန်သွားရအောင်လည်း
မပတ်သတ်ပါနဲ့တော့ ဆိုတဲ့ ၀မ်သခင်လေးကို
ကြောက်ရသေးသည်။

ဒီလိုဘ၀မျိုးနဲ့နေရတာ ရှောင်ကျန့်ရဲ့မား
ရှောင်ကျူးကြောင့်။သူမသာ အမွေပေးတဲ့
စိတ်ဘယက်ကို ခွဲဝေခဲ့မယ်ဆို
ရှောင်မိန်တို့ ဒီလိုဘ၀မျိုး ရောက်နေမှာမဟုတ်ဘူး။

〰️〰️〰️〰️〰️

"အင်း......"

အိပ်ယာကနိုးထလာတော့ ခံစားမိလိုက်တာက
အိစက်လွန်းတဲ့အရာတစ်ခု။
သူ့ရင်ဘတ်ပေါ်မှာလည်း
တစ်ခုခုတင်ထားသလိုခံစားနေရသည်။

Represented by Cinderella{Completed}Where stories live. Discover now