Part 66

14.7K 1.9K 156
                                    

"Lucasပြန်သွားပါပြီ။မင်းအဲ့လောက်ထိ
စိတ်ပူပြမနေနဲ့"

Maskတို့အဖွဲ့တွေ ပြန်ကြတော့မှာမို့ ရိပေါ်
ရှောင်းကျန့်ကိုပါခေါ်ပြီး Camelliaနဲ့အတူ
လေဆိပ်ကို လိုက်ပို့ဖြစ်သည်။

Lucasကိုအားနာလို့မလိုက်ချင်ဘူးဆိုတဲ့
ရှောင်းကျန့်ကိုမရ ရအောင်ခေါ်လာခဲ့လိုက်ပြီးမှ
Lucasကိုရှာနေမိတဲ့အဖြစ်။

တွေ့ချင်လွန်းလို့တော့မဟုတ်...
ဒီတိုင်း အားနာစကားလေးနဲ့ နှစ်သိမ့်ဖို့
ပြောပေးသင့်သလားလို့။ဒါကလည်း
ရှောင်းကျန့်ပေးတဲ့အကြံ။အနည်းဆုံးကိုယ့်အပေါ်
ကောင်းပေးခဲ့တဲ့သူကို ရိုင်းခဲ့မိတာမို့
တောင်းပန်စကားလည်းပြောရမယ်တဲ့။

အခုတော့ သူကအရင်ပြန်သွားသည်ဆိုတော့
စိတ်တော့မကောင်းပါ။ပြန်သွားလို့လည်း
ဝမ်းမနည်း။ဒါကတော့ သူ့ရဲ့မူပိုင်မကောင်းတဲ့
အကျင့်လေးပေါ့။

ရိပေါ်ဆိုတာ ငတုံးလေးတစ်ယောက်တည်းကိုပဲ
အရေးတယူလုပ်တာမျိုးလေ။

"အင်းပါ။ငါကတောင်းပန်တယ်လို့ပြောပေးပါအုံး။
ပြီးတော့ အဆင်ပြေပြေနေဖို့ပါမှာလိုက်ပါတယ်လို့"

Maskကခေါင်းငြိမ့်ပြီး ပြုံးပြသည်။
ပြီးတော့ လေယာဉ်ချိန်နီးသည်မို့ အားလုံး
လေယာဉ်ပေါ်တက်သွားသည်နှင့် သူလည်း
ရှောင်းကျန့်ကိုခေါ်လို့ အိမ်ပြန်လာခဲ့လိုက်သည်။

"ပူလို့လား"

ကားထဲမှာ အကျီ င်္စလေးကို တလှပ်လှပ်လုပ်နေတဲ့
ရှောင်းကျန့်ကြောင့် ရိပေါ်က ဂရုတစိုက်
လှမ်းမေးလာသည်။ရှောင်းကျန့်က
ခေါင်းကိုအသာယမ်းလို့အဆင်ပြေသလို
ပြုံးပြပေမဲ့ မနေနိုင်သူကရိပေါ်။

ကားကိုလမ်းဘေးချရပ်လို့ လူများတဲ့
Mini storeလေးတစ်ခုထဲ တိုးဝင်သွားလိုက်တာ
ရိပေါ်မဟုတ်သည့်အတိုင်း။

ပြန်ထွက်လာတော့ဝမ်သခင်လေးမျက်နှာတစ်ခုလုံး
ရဲစက်လို့ မောဟိုက်နေရှာသည်။ပြည့်စုံလွန်းတဲ့
ချစ်သူကို ရထားတာ ကိုယ့်ဘာသာတောင်
မလုံမလဲဖြစ်ရသည်အထိ။

"အင့်!"

ကမ်းပေးလာတဲ့ ရေခဲမုန့်လေးကို ယူရင်း
တစ်သျှူးစကိုထုတ်လို့ရိပေါ်ချွေးတွေကို
သုတ်ပေးလိုက်တော့ မျက်လုံးကြီးမှိတ်ပြီး ပြုံးပြုံးကြီး
ခံယူနေတဲ့ရိပေါ်။

Represented by Cinderella{Completed}Where stories live. Discover now