Part 58

21.1K 2.2K 103
                                    

နှုတ်ခမ်းရှေ့ပစ်ပြီး စိတ်ကောက်နေတဲ့
ရှောင်ကျန့်က သူ့နားကို ရိပေါ်အလာ
မခံတော့ဘူး။

မနက်နိုးနိုးချင်း 'မြင်းစီးသူရဲကောင်းလေး'
လို့ခေါ်လိုက်မိတည်းက ရှောင်ကျန့်သူ့ကို
စကားမပြောတော့တာ။

အခုလည်း ထမင်းဝိုင်းမှာ ဟင်းချိုကို
မဲ့ရူံ့ပြီးသောက်နေတာကြောင့်
ခွီးခနဲ ထရယ်မိတော့ မျက်စောင်းလေးတစ်ချက်
သူ့ဆီရောက်လာသည်။

နှုတ်ခမ်းရဲရဲလေးက ရိပေါ်ပေးထားတဲ့
အနမ်းတွေနဲ့ အပူဟပ်တာတောင်
မခံနိုင်တော့သည့်ပုံ။

"ပါပါး...ပြီးရင် တော့ပိုကီစားရအောင်။
ဝတ်ရုံနက် ဦးဦးကြီးတွေကို
ဘိုးဘိုးဝယ်လာခိုင်းမယ်တဲ့"

"သား...ဘိုးဘိုးကြီးကို မဆိုးရဘူးလေ။
ဦးဦးတို့ကိုလည်း အားနာမှပေါ့"

"ရပါတယ်ရှောင်လေးရာ။ဒီမြေးလေးကို
မှအလိုမလိုက်ရင် ဘယ်သူ့ကို
အလိုလိုက်ရတော့မှာလဲ"

ရှောင်ကျန့်သက်ပြင်းသာအသာချရင်း
ထမင်းငုံ့စားနေလိုက်သည်။
အဖိုးအဘွားနဲ့နေတဲ့ မြေးအများစု
ပျက်စီးကြတာမဆန်း။

"ရှောင်ကျန့်..ပြီးရင် ငါနဲ့တစ်နေရာလိုက်ခဲ့"

"ဘယ်ကိုလည်း..."

ပြန်မဖြေဘဲ ရိပေါ်က ထမင်းသာ
ငုံ့စားနေတာမို့ သူလည်း
ဆက်စားနေလိုက်တော့
ရိပေါ်က သူ့နားကို ပြောင်းထိုင်လာပြီး

"ဟ...ငါမှုတ်ပေးထားတယ်"

ဟင်းချိုဇွန်းလေးကို သူ့ပါးစပ်နားတေ့လို့
လာခွံ့နေတဲ့ ရိပေါ်ကြောင့် ပါးနှစ်ဖက်က
ပူခနဲ။

ဘေးနားမှာ ၀မ်ပါပါးရော ရိကျန့်ရော
အိမ်ဖော်တွေရောက ၀ိုင်းကြည့်နေကြတာ။
သူတို့အတွက်က ထူးဆန်းပေမဲ့
ရှောင်ကျန့်ကတော့ မြန်မြန်ပြီးအေးရော
ယူသောက်လိုက်သည်။

ရိကျန့်ရော ၀မ်ပါပါးပါ ထထွက်သွားတော့
ရှောင်ကျန့်ကိုယ်လေးကိုသူ့ပေါင်ပေါ်အတင်းနဲ့
ဆွဲတင်နေတဲ့ရိပေါ်။

"ဘာဖြစ်နေတာလဲ။အရှက်ကိုမရှိဘူး။
ဟိုမှာကောင်မလေးတွေလေ"

Represented by Cinderella{Completed}Where stories live. Discover now