ဒီနေ့ ချန်ယောလ်လေးရော ရိကျန့်ပါ
သူ့ဖိုးဖိုးနှင့် သွားအိပ်သည်မို့ ရှောင်းကျန့်မှာ
လုပ်စရာမရှိဘဲ ယောင်လည်လည်။ရိပေါ်ကိုကြည့်တော့ အလုပ်တွေရူပ်နေသည်မို့
အလုပ်တွေကုန်းရုံးလုပ်နေသည့် ရိပေါ်နား
လျှောက်သွားရင်း ဇက်ကြောလေးကို ခပ်ဖွဖွ
ဆွဲပေးနေလိုက်တော့ ခေါင်းလှန်ပြီးပြုံးတဲ့ရိပေါ်။"တအား အလုပ်တွေဖိလုပ်မနေနဲ့။မင်း
ကျန်းမာရေးလည်းရှိသေးတယ်""နောက်ကလေးတစ်ယောက်တိုးလာပြီ။ငါမှမလုပ်ရင်
ဘယ်သူလုပ်မှာလဲ"ရိပေါ်စကားကြောင့် ဇက်ကြောဆွဲပေးနေရာမှရပ်လို့
ထိုင်ခုံပေါ်မှရိပေါ်ပေါင်ပေါ်မေးတင်လိုက်တော့
ကြောင်ကြည့်နေသေးသည်။"ငါ..ကျောင်းပြန်တက်ချင်တယ်"
"မရဘူး!"
ချက်ချင်းဆိုသလို ထွက်လာတဲ့ရိပေါ်စကားကြောင့်
သူမတ်တပ်ထရပ်လိုက်မိသည်။ရိပေါ်ကလည်း
အောက်ကျမခံပြန်မော့ကြည့်ရာမှ"မတက်ရဘူး။အိမ်မှာပဲနေ"
"ဘာလို့လဲ။တစ်နှစ်ပဲကျန်တော့တာကို
ငါလည်းသူများတွေလိုဘွဲ့ယူချင်သေးတာပေါ့""ဘာလဲ။ဘွဲ့ရသွားရင် တစ်ခြားCompanyမှာ
အောက်ကျခံသွားလုပ်မို့ကြံနေတာမလား?""ရိပေါ်!!!!!!"
"မင်းအလုပ်လုပ်ချင်ရင် ငါ့အတွင်းရေးမှူး
နေရာလစ်လပ်နေတယ်။အဲ့နေရာပေးမယ်။
ကျောင်းတော့မတက်ရဘူး""ဘွဲ့မရသေးတဲ့လူတစ်ယောက်က မင်း
အတွင်းရေးမှူးနေရာမှာ လိပ်ပြာသန့်သန့်နေချင်မလား။
မင်းစဉ်းစားကြည့်လေ""အဲ့တာတွေငါနားမလည်ဘူး။ကျောင်းတော့
ပြန်တက်ရမယ်မထင်နဲ့"ငြိမ်သက်သွားတဲ့ငတုံးလေးက မျက်ရည်ကြည်တွေနဲ့
သူ့ကိုငေးကြည့်နေရှာတယ်။ငိုချပြရင်တောင်ရိပေါ်
ခွင့်ပေးမှာမဟုတ်ဘူး။သူ့ငတုံးလေးကို
Uni ကပေါက်စတွေရဲ့မျက်လုံးရှေ့
ချကိုမပြချင်တာ။"ငါကလည်းရအောင်တက်မှာ"
"တက်ရဲတက်ကြည့်လေ။ငါဘာလုပ်မလဲ
မင်းကြည့်ထားလိုက်"
YOU ARE READING
Represented by Cinderella{Completed}
FanfictionCinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယျ Cinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယ်