Part 15

19.5K 2.7K 55
                                    

ကျောင်းဆောင်အထွက်နားရဲ့အုတ်ခုံ မြင့်မြင့်လေးပေါ်မှာ
သူနဲ့ငတုံးနှစ်ယောက်တည်း ခြေထောက်တွေ
ချပြီးထိုင်နေလိုက်သည်။
ငတုံးက သူမနေ့ကငှားလာတဲ့
စာအုပ်ကိုစိတ်ဝင်တစားဖတ်နေတာမို့
ရိပေါ်ကိုသတိမရ။ကြာလာတော့လည်း
ပျင်းတဲ့သူကပဲစကားစရသည်။

"ရှောင်ကျန့်..."

"ဟန်.."

"ငါ့ကိုကြည့်ပါအုံး..."

"ပြောလေ..နားထောင်နေတယ်..."

"ငါကမျက်နှာချင်းဆိုင်ပြီး ပြောချင်တာ"

သူ့စကားကိုအာရုံမရတော့တဲ့ငတုံးက
စာကိုပဲသဲကြီးမဲကြီးဖတ်နေပြန်သည်။
စုတ်သပ်ကာစာအုပ်ကိုဆွဲလုလိုက်တော့
ငတုံးက မကြည်သလိုလေးကြည့်ကာ

"ပေးကွာ...ဘာလုပ်တာလဲ..."

"အိမ်ရောက်မှဖတ်!"

"အားတဲ့အချိန်လေးဖတ်နေရတာကို
မနှောင့်ယှက်နဲ့ကွာ...ပြန်ပေး..."

လှမ်းဆွဲယူတော့ ရိပေါ်ကလျှာထုတ်ပြောင်ပြသည်။
ငတုံးမျက်ခုံးလေးတွေ ကျူံ့နေတာ
ချစ်ဖို့ကောင်းသား..

"ပေးကွာ..ရိပေါ်..."

နောက်ပို့ထားတဲ့စာအုပ်ကို ငတုံးက
လှမ်းလုတော့ သူလည်း ပိုဝေးအောင်ပို့လိုက်သည်။

"၀မ်ရိပေါ်..ပေး..!!"

အားနဲ့ ဆွဲလုတဲ့ ငတုံး ရဲ့ကိုဟ်လေးက
အရှိန်လွန်ပြီးသူ့ပေါ်ထပ်လျက်သား...
တစ်ယောက်မျက်လုံးတစ်ယောက်
စိုက်ကြည့်နေမိတော့ ငတုံးမျက်ဝန်းညိုတွေက
လှလွန်းတာ ၀န်ခံရပြန်သည်။

"အဟမ်း...အ!"

အရှက်ပြေခေိာင်းဟန်းလိုက်ခါမှ သူ့ကိုယ်ပေါ်က
ဖယ်ပေးတဲ့ငတုံးက သူ့လည်ပင်းလေး
သူပွတ်ကာ ဘာဖြစ်နေလဲမသိ။
နားရွက်တွေတော့တော်တော်လေးရဲနေသည်။

"ပြန်...ပြန်ပေး.."

သူလည်း ရှက်ရှက်နဲ့ငတုံးလက်ထဲစာအုပ်လေး
ထိုးထည့်လိုက်တော့ ငတုံးက
စာအုပ်ကိုပြောင်းပြန်ဖတ်နေသည်။
ပြီးမှ ပြန်တည့်ရင်း သူ့ကို အရှက်ပြေ
ရယ်ပြသည်။ငတုံးကြောင့်ပြုံးမိပြန်ပြီ။

Represented by Cinderella{Completed}Where stories live. Discover now