Part 22

18.2K 2.5K 82
                                    

အနည်းငယ်ဝေဝါးနေတဲ့ မျက်လုံးအစုံကို
ပွတ်သပ်ရင်း မျက်မှန်ကိုင်းကို
ပြန်တင့်လိုက်သည်။

ခဏကြာမှပီပြင်လာတဲ့ အမြင်အာရုံက
အသက်ရွယ်ကြောင့်ဆိုတာ
ပြောစရာမလိုတော့။

လက်တစ်ဝါးစာရှိတဲ့ ကတ္တီပါ
သေတ္တာပြားလေးကို လက်ထဲမှာ
တယုတယကိုင်ထားရင်း သူပြုံးရှာသည်။

ပွင့်ဟသွားတဲ့ ကတ္တီပါသေတ္တာလေးရဲ့
အောက်မှာ စိန်ရောင်တလက်လက်
တောက်ပနေတဲ့ လည်ဆွဲဘယက်လေးတစ်ကုံး။

သူ့လက်ထဲကိုလှပစွာပါလာတဲ့ ဘယက်လေးက
ညအိပ်မီးရောင်အောက်မှာ လှချင်တိုင်းလှလို့။

"ရှောင်ကျူး...ပြီးတော့ ၀မ့်မေ...
တမလွန်မှာတော့ ရန်မဖြစ်လောက်ဘူးမလား...!"

ကြွေကျသွားတဲ့ မျက်ရည်တစ်စက်က
ပါးပြင်ပေါ် အရှိန်ဖြင့်ဆင်းသွားသည်။

အင်း...အချစ်က လူကိုကြောက်ဖို့
ကောင်းစေတယ်..............

ကျသွားတဲ့မျက်ရည်တွေကို
သုတ်ရင်း ဘယက်အောက်က ဓာတ်ပုံလေး
တစ်ပုံကိုထုတ်ကြည့်ရင်း ထပ်ပြုံးရပြန်သည်။

၁၈နှစ်အရွယ်ကောင်မလေးနှစ်ယောက်ကို
ကြည့်ရင်း သူ့အတွေးတွေက လွန်ခဲ့တဲ့နှစ်များဆီသို့....

〰️〰️〰️〰️〰️〰️

ရှောင်ကျူးနဲ့ဝမ့်မေ...

အရမ်းချစ်ကြတဲ့သူငယ်ချင်းမလေး၂ယောက်က
ငယ်ငယ်တည်းက နှစ်ကို့ယ်တစ်စိတ်ဘ၀တွေနဲ့
နှစ်အိမ်တစ်အိမ်လို နေလာခဲ့ကြတာ။

ပစ္စည်းဥစ္စာမှာရော...
လှပမှုမှာရော....
ဘယ်နေရာမှလိုလေသေးမရှိကြတဲ့  အလှဘုရင်မလေး
၂ပါးရဲ့ဘ၀ထဲကို ၀င်ရောက်လာသူက
ဝမ်ဖေးရှာ ဆိုသည့်သူပင်။

ဝမ်ဖေးရှာရဲ့ပြည့်စုံမှုအောက်မှာ
သူတို့ရဲ့ လိုလေသေးမရှိတဲ့ဘ၀တွေကို
မေ့သွားရလောက်တဲ့ထိ အချစ်ကို
ရူးသွပ်ခဲ့ကြတဲ့အရွယ်။

ဝမ်ဖေးရှာရဲ့နှလုံးသားက ဘယ်သူ့ဆီအားသာမလဲ
ရင်ခုန်နေကြတဲ့ သူတွေက ကျောင်းထဲမှာ
ခပ်များများ။

သွက်လက်တဲ့ ၀မ့်မေကို ဖေးရှာခင်ခဲ့တယ်။
သူမက စကားပြောလို့ကောင်းပြီး
ခင်ဖို့လည်းကောင်းတာကြောင့်။

Represented by Cinderella{Completed}Where stories live. Discover now