"ရှောင်းကျန့်...ရှောင်း..အား!"
Phoneထဲက အသံကြောင့် ထိုင်နေရာမှ
မတ်တပ်ရပ်မိလျက်သား။
ရင်ထဲမှာ ထိန့်လန့်ခြင်းနဲ့အတူ ပြတ်တောက်သွားတဲ့
Phoneဆက်သွယ်မှုကြောင့်
ဘာမှမဖြစ်ဖို့သာ ဆုတောင်းမိသည်။ဝရံတာလေးကနေ အခန်းထဲဝင်ပြီး
အပေါ်အကျီင်္လေးယူလို့ ရိပေါ်အခြေအနေကို
အကဲခတ်မိတော့ အခန်းထဲမှာမရှိ။တံခါးလက်ကိုင်ဘုကိုသူ့လက်အစုံမရောက်ခင်မှာ
ပွင့်ဟလာတဲ့တံခါးချပ်နဲ့အတူ
အေးစက်စက် ရိပေါ်မျက်နှာ။"ဒါကဘယ်လဲ!"
မလိမ်ညာတတ်သူပီပီ ဟန်ဆောင်တိုင်း
ချွေးသီးချွေးပေါက်တို့ အစီအရီထွက်လာကုန်သည်။
လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်ရင်း
ပြောစရာစကားတွေရှာနေတုန်း
သူ့လက်ကောက်ဝတ်ကနေ ဆွဲပြီး
ကုတင်ပေါ် ဖိနှိပ်လို့ထိုင်ခိုင်းလိုက်တဲ့ရိပေါ်။စကားတစ်ခွန်းမဟတဲ့ရိပေါ်က သူ့အပေါ်
အကျီ င်္ကိုအတင်းနဲ့ချွတ်နေသည်။
လည်ပင်းမှာပတ်ထားတဲ့ မာဖလာလေးကို
တစ်ထပ်ချင်းစီခေါက်နေတာ သွေးအေးအေး။မဖြစ်ပါ။Camelliaဒုက္ခရောက်နေပြီမို့
သူသွားမှဖြစ်မည်။စွေ့ရန်တို့ အတွဲကလည်း
ခရီးထွက်သွားတာကြောင့် အကြောင်းကြားစရာ
လူမရှိ။"ရိပေါ်.. ငါ.."
*ချောက်*
သူ့ခြေရင်းမှာတကုတ်ကုတ် အလုပ်ရူပ်နေတဲ့
ရိပေါ်ကို တစ်ခုခုပြောရန်ပြင်လိုက်စဉ်မှာပဲ
အေးစက်သွားတဲ့ ခြေထောက်တစ်စုံ။"ရိပေါ်!!"
အံ့သြစွာ ငေးကြည့်မိတော့ ရိပေါ်မျက်ဝန်းတွေက
အသက်မဲ့စွာ ပြန်ခုခံလာတယ်။
ပြီးတော့"မင်းမလိမ္မာဘူး!"တဲ့။
ခြေထောက်မှာရစ်ပတ်သွားတဲ့ ခြေထိပ်လေးက
သံကြိုးတစ်ခုနဲ့ ကုတင်တိုင်မှာ မြဲမြံစွာ။
ချက်ချင်းဝဲတတ်လာတဲ့မျက်ရည်တွေနဲ့အတူ
ရိပေါ်ကို ငေးကြည့်မိတော့ သူ့ပါးပြင်ကို
လှမ်းလာတဲ့ လက်ချောင်းတွေက
မျက်ရည်စတွေကို ခပ်ဖွဖွသုတ်ပေးတယ်။"ငါသတိတွေအထပ်ထပ်ပေးခဲ့တယ်။
မင်း ငါ့ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ခဲ့တယ်။
အခု မင်းလုပ်ချင်တာ လုပ်လို့ရတဲ့ကာလ
ကျော်သွားပြီ။ငါပြောခဲ့သလိုပဲ အခုလိုလုပ်တာ
မင်းတုံးလို့ ရှောင်းကျန့်"
YOU ARE READING
Represented by Cinderella{Completed}
FanfictionCinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယျ Cinderellaတော့ Cinderellaပဲ ဒါပေမဲ့ ရိပေါ်ရဲ့Cinderellaလေးက အရမ်းစိတ်ကြီးတယ်