Part 37

15.3K 2.1K 129
                                    

ရိပေါ်ခါးကိုတင်းတင်းဖက်လို့ မှောင်ရီသန်းနေတဲ့
လမ်းတစ်လျှောက်ကို ငေးနေလိုက်တယ်။
နွေးထွေးလွန်းတဲ့ခံစားချက်က
ကျောပြင်ဆီကလို့မထင်ရလောက်အောင်။

ဆိုင်ကယ်ကို ဂရုတစိုက်မောင်းနေရင်းက
သတိထားဖို့ တဖွဖွမှာနေတဲ့ ရိပေါ်ကြောင့်
မြတ်နိုးမှုတွေက ရင်ထဲမှာ အတိုင်းအဆမဲ့စွာ။

ဆိုင်ကယ်ကို ဂရုတစိုက်မောင်းနေရင်းကသတိထားဖို့ တဖွဖွမှာနေတဲ့ ရိပေါ်ကြောင့်မြတ်နိုးမှုတွေက ရင်ထဲမှာ အတိုင်းအဆမဲ့စွာ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"ချစ်တယ်..."

ခါးကိုတိုးဖက်ပြီး ကျောမှာ မျက်နှာအပ်လို့
ပြောလိုက်တဲ့စကားကို ၀မ်သခင်လေးမကြားပေမဲ့
သူ ပြုံးမိသည်မှာ နှစ်နှစ်ခြိုက်ခြိုက်။
အရိပ်တကြည့်တကြည့်နဲ့ ရှောင်ကျန့်ရဲ့
ကောင်လေးက ဆိုင်ကယ် ဘက်မှန်ထဲကနေ
သူ့အပြုံးကို မြင်ဖြစ်အောင်မြင်သွားသေးသည်။

"အရှိန်လျော့ပေးမယ်...မင်းလက်ဖျားတွေ အေးနေပြီ.."

အလိုက်သိလွန်းတဲ့ ချစ်သူက
ရှောင်ကျန့်တောင်သတိမထားမိတဲ့လက်ဖျားလေးရဲ့
အေးစက်မှုကို ရေးကြီးခွင်ကျယ်လုပ်နေတုန်း။

"မောင်းစရာရှိတာသာမောင်းပါ။မြို့ပြင်ကြီးဆိုတော့
မမှောင်ခင် ပြန်ရောက်တာပဲကောင်းတယ်။အေးရင်လည်း
မင်းကိုဖက်ထားရင်နွေးတာပဲဟာ။"

အမှန်တိုင်းပြောလိုက်တဲ့သူ့စကားကို
ရိပေါ်က အသည်းယားလို့ဆိုပြီး
တခစ်ခစ်နဲ့ ထရယ်သေးသည်။

'အိမ်ရောက်မှ စကားတတ်လွန်းတဲ့
နှုတ်ခမ်းလေးကို ဆုချမယ်'တဲ့...

ဟင့်အင်း...သူစကားတတ်တာမဟုတ်ပါဘူး။
ရိပေါ်က သူ့စကားတိုင်းကို
မြတ်နိုးနေလို့ရယ်....

"စာမေးပွဲက နောက်လထဲဆို
ဖြေတော့မယ်...ငါ့ကိုစာသင်ချိန်တွေ
ပိုပေးအုံး.."

Represented by Cinderella{Completed}Where stories live. Discover now