Part 47

16.1K 2.2K 112
                                    

"ရှောင်လေးကိုတိုက်ခိုက်တဲ့
အဒေါ်မိသားစုကို သခင်ကြီးကိုယ်တိုင်
အမှုဖွင့်ထားပါတယ်။ပြီးတော့ ရှောင်လေးရဲ့
ဘယက်ကိစ္စကို သခင်ကြီးကိုယ်တိုင်
ဦးလေးကို ဆောင်ရွက်ပေးဖို့
တာဝန်ပေးထားတယ်။ပြီးတော့...."

ကုတင်ပေါ်မှာ ငူငိုင်ငိုင်နဲ့ကောင်လေးက
Bodyguardဦးလေးကို မကြည့်ဘဲ
အပြင်ဘက်ကိုသာ ခပ်ဆွေးဆွေးလေးငေးနေတယ်။
ဖြူလျော့နေတဲ့ သူ့နှုတ်ခမ်းလေးတွေက
တင်းတင်းစေ့နေရာမှ

"ကိုယ်ဝန်ကိစ္စလား...??"

လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ ဦးလေးကြီးက
ရှောင်ကျန့်နားကို တဖြည်းဖြည်း တိုးကပ်လာကာ

"ဦးလေးကတော့ ရိပေါ်ကို အမှန်တိုင်း
ပြောပြသင့်တယ်ထင်တယ်။ရှောင်လေးတို့ကြားမှာ
ဘာပြသနာတွေဖြစ်ခဲ့လဲ ဦးလေးစိတ်မ၀င်စားဘူး။
ကလေးအနာဂတ်မှာ မိဘမဲ့ဆိုတဲ့
ခေါင်းစဉ်ကြီးနဲ့ မရှင်သန်စေချင်ဘူး ရှောင်လေး"

ဗိုက်ပြားချပ်ချပ်လေးကိုပြန်ကိုင်ကြည့်ရင်း
မျက်ရည်တွေက ခုန်ဆင်းကုန်ပြန်တယ်။
ကံဆိုးလိုက်တဲ့ကလေးလေး ။

ယောင်္ကျားလေးတစ်ယောက်ဆီမှာ
သန္ဓေလာတည်ရတာတောင် မိဘမဲ့
ဖြစ်ရအုံးမယ်။

"ဦးလေးစကားကိုနားထောင်ပါရှောင်လေး။
မိဘမစုံတဲ့ကလေးတစ်ယောက်ရဲ့ ဘ၀ကို
ရှောင်လေးအနားလည်ဆုံးဖြစ်မှာပါ။"

နားလည်တာပေါ့။အမြဲသိမ်ငယ်ရပြီး
အရာရာကိုကြောက်နေရတာ။ခေါင်းငြိမ့်လို့
ဦးလေးကြီးကို အဖြေပေးလိုက်တော့
ဦးလေးကြီးက ပြုံးရွှင်စွာရယ်ပြတယ်။

"သခင်ကြီးတောင် ဒီအကြောင်းမသိသေးဘူး။
သခင်လေးရော သခင်ကြီးပါ
သိရင်အရမ်းပျော်ကြမှာ.."

ပြောရင်း သူ့Phoneကိုထုတ်လို့ တစ်ယောက်ယောက်ကိုလှမ်းခေါ်နေတယ်။
ရှောင်ကျန့် လက်တွေ အေးစက်လွန်းလို့
တစ်ဖက်နဲ့တစ်ဖက် တင်းကြပ်စွာ
ဆုပ်ကိုင်ထားရတယ်။

"Hello!!"

ခပ်စောင့်စောင့်ထွက်လာတဲ့ ရိပေါ်ရဲ့
စကားသံကြောင့် ရင်ခုန်သံတွေ
ဝုန်းဒိုင်းကျဲလို့။

Represented by Cinderella{Completed}Where stories live. Discover now