Part 26

16.9K 2.4K 70
                                    

မှေးစင်းကျလာတဲ့မျက်လုံးတွေကြောင့်
ရှောင်ကျန့် ရေချိုးခန်းထဲဝင် မျက်နှာသစ်ပြီး
ရိပေါ်နား ပြန်ထိုင်လိုက်တယ်။

တစ်ညနေလုံး အညောင်းမိနေတဲ့
ကိုယ်က လုံးဝ မလှုပ်ချင်တော့ဘူး။
ရိပေါ်ဆိုတာကလည်း လုံးဝသတိမရသေးလို့
သူ မျက်တောင်မခတ်ကြည့်နေရတယ်။

အချိန်ကြာလာတာနဲ့အမျှ မှေးစင်းသွားးတဲ့
မျက်လုံးတွေကြောင့် ရိပေါ်ကုတင်ပေါ်ပဲ
ခေါင်းအုံးပြီး အိပ်လိုက်ရတော့
အိပ်ပျော်ခါနီးလေးမှာ သူ့ကိုလာပွေ့ချီတဲ့
လက်တစ်စုံကြောင့် အလန့်တကြား
မျက်လုံးဖွင့်ကြည့်မိတော့
ပြုံးစိစိနဲ့ ၀မ်ရိပေါ်။

"ဘာလုပ်တာလဲ..ပြန်ချပေး.."

"တူတူအိပ်မယ်လေ.."

"နောက်ထပ်ဒူးစာတောင်းတာလား။
မင်း ကလိမ်ကကျစ်မကျနဲ့နော်.."

"ငါကအစတည်းက ဒီတိုင်း ရိုးရိုးလေး
အိပ်ဖို့မင်းကိုပြောတာပါ။မင်းဘာသာ မှောင်မိုက်ပြီး
လျှောက်တွေးနေတာ။ယောင်္ကျားလေး သူငယ်ချင်း
နှစ်ယောက် တူတူအိပ်တယ်လို့ပဲ သဘောထားပေါ့.."

"အရင်ကသဘောထားချင်ထားနိုင်မယ်။
အခုမထားနိုင်ဘူး...ငါ့ကို အခုချပေး.."

ရိပေါ်က ခေါင်းငြိမ့်ပြပြီး ရှောင်ကျန့်ကို
အိပ်ယာလေးပေါ် အသာလေးချပေးတယ်။
ရှောင်ကျန့် ခေါင်းအောက် လျိုဝင်နေတဲ့
ရိပေါ်လက်တွေကို ဖိထားမိတာကြောင့်
၂ယောက်သားရဲ့ မျက်နှာမှာ နီးကပ်လွန်းသည့်အခြေနေ။

ရှောင်ကျန့်က ရုတ်တရက် ငြိမ်သက်နေရာကနေ
သူ့ရင်ဘတ်ကိုအသာလေးတွန်းထိုးလာတယ်။

"ငါမင်းကို တကယ်ဘာမှမလုပ်ပါဘူး။
မင်းကို မြတ်မြတ်နိုးနိုးနဲ့ချစ်တာမလို့
အရမ်းကြီး မစိုးရိမ်ပါနဲ့။
ယောင်္ကျားလေးပဲ ဆိုပြီး မင်းကို
ပေါ့ပျက်ပျက် ချစ်တာမဟုတ်လို့
ငါ့ကို အဲ့လောက် ကြောက်မနေနဲ့။"

ပြောပြီး ရိပေါ်က ရှောင်ကျန့် နဖူးပေါ်က
ဆံစလေးတွေကို ဖြည်းဖြည်းချင်း
သပ်တင်ပေးတယ်။
ဒီအခြေနေကို မတွန်းကန်ချင်တဲ့
စိတ်ကိုလည်း ရှောင်ကျန့် နားမလည်နိုင်တော့ဘူး။

Represented by Cinderella{Completed}Where stories live. Discover now