🌚🌚Part 57🌚🌚

25.5K 2.2K 262
                                    

တစ်ခွက်ပြီးတစ်ခွက် မော့လိုက်တော့
ရလာသည့်အကျိုးက ခေါင်းမူးတာ။
အလိုလို ရယ်ချင်လိုက် ငိုချင်လိုက်နဲ့
တကယ်လိုက်လုပ်နေမိသလားတောင်
မသိ။

ရီဝေေ၀နဲ့ခေါင်းက မထောင်ချင်တော့သလို
လွတ်ချင်နေတဲ့စိတ်ကြောင့်
သွားကယားလာသည်။

Hk...ကိုက်ချင်တယ်ပေါ့။

ဘေးဘီကိုလှည့်ပတ်ရှာတော့
ရိပေါ်ကိုမတွေ့။သူထိုင်ခုံကနေ
ထဖို့ပြင်တော့ ဘယ်သူမှလှမ်းဆွဲသူမရှိ။

ဘယ်ဆွဲမလည်း...စွေ့ရန်နဲ့ရှီးချန်က
မှောက်အိပ်နေပြီဖြစ်သလို
အကြံသမား ကျန်းချန်က သု့ကိုကြီးကို
ငေးကောင်းတုန်း။

"သြော်ဟော...ငါ့ကိုကြ ခွေးကိုက်ကိုက်ပြီး
ကောင်မလေးနဲ့ကြ သွားရည်တမြမြ
ဖြစ်နေတယ်ပေါ့။ဘက်လိုက်တဲ့ခွေးပေါက်"

ရီဝေေ၀နဲ့လူရိပ်တွေက ဘေးနားမှာ
ကျန်နေခဲ့သည်။ခြေလှမ်းတွေ
ယိုင်နေတာသိပေမဲ့ ဦးတည်ရာကိုတော့
မရောက်မချင်းဆက်လျှောက်ရင်း

"၀မ်ခွေးပေါ်..."

သူ့အော်သံက ကျယ်သွားလို့ထင်သည်။
ကျောပေးထားတဲ့ကောင်မလေးကပါ
လှည့်ကြည့်လာသည်။

ရိပေါ်က ကောင်မလေးကို တွန်းတိုက်လို့
သူ့ဆီအပြေးလာရင်း

"ရှောင်ကျန့်..မူးနေပြီ..လာအိမ်ပြန်မယ်"

"မ...ပြန်...ဘူး.."

ပါးမို့လေးတွေရဲနေတဲ့ကောင်လေးက
မျက်လုံးတောင်မဖွင့်နိုင်တော့။
လှည့်ကြည့်နေတဲ့လူအုပ်ကြီးကြောင့်
အားနာသလိုပြုံးပြမိတော့
သူ့ပါးကိုလက်သေးသေးလေးတွေနဲ့
လာဆုပ်ကိုင်တဲ့ ရှောင်ကျန့်...

"ဘယ်သူ့ကိုပြုံးပြနေတာလဲ"

"မဟုတ်ပါဘူးရှောင်ကျန့်ရာ..လာ..
ပြန်မယ်နော်..."

"မပြန်ဘူးလို့...အီး....ဟီး....ငါ့ကိုအိမ်မှာ
တိတ်တိတ်ပုန်း ဖွက်ထားမလို့လား။
ပြောတော့ ...ငါ့...ငါ့ကို...ချစ်တယ်ဆို.."

ကျယ်သွားတဲ့ငတုံးအသံကြောင့်
လူတွေက တော်တော်သတိထားမိကာ
သူ့ကိုစူးစမ်းသလိုကြည့်လာကြသည်။

Represented by Cinderella{Completed}Where stories live. Discover now