Part 87

14.4K 1.8K 113
                                    

"CEO!!!ရှောင်းကျန့်ကောမရှိတော့ဘူး"

အလန့်တကြားလာပြောသည့် ၀န်ထမ်းလေးတစ်ယောက်ကြောင့်
သူ့ရင်ထဲထိတ်သွားရသည်။
Mettingခန်းထဲမ၀င်ခင်တုန်းကတော့
အတွင်းရေးမှူးကိုအစည်းအဝေးပြီးသည်နှင့် ရှောင်းကျန့်တို့သားဖကို
Car parkingဆီခေါ်ခဲ့ဖို့ သတိပေးပြီး
Mettingခန်းထဲတူတူဝင်ခဲ့ကြသည်။

ဧည့်သည်တွေကို Car Parkingထိ
လိုက်ပို့ဖို့ကြံရွယ်ထားတာကြောင့်တစ်ခါတည်း
ခေါ်ခိုင်းလိုက်ခြင်းပင်။Mettingပြီးသည်နှင့်
ဧည်သည်တွေကိုဧည့်ခံနေတုန်း အတွင်းရေးမှူး
ကောင်မလေးပျောက်သွားသည်ကိုတော့
သတိထားမိသည်။

သူလုပ်ရမဲ့တာဝန်လည်းများများစားစားမရှိတာကြောင့်
သပ်သပ်ကြီးသွားမခေါ်ခိုင်းတော့။
ဧည့်သည်တွေကို လိုက်ပို့ခါနီး ၀န်ထမ်းကောင်လေးကို
ရှောင်းကျန့်တို့ဆီ အခေါ်လွှတ်လိုက်သည်။

Car Parkingမှာစောင့်နေတုန်း ရုတ်ရုတ်သဲသဲ
ဖြစ်နေတဲ့ လုံခြုံရေးတွေကြောင့်အကျိုးအကြောင်း
မေးကြည့်တော့ လက်နက်ကိုင်ဆောင်မှုနဲ့
သံသယရှိတဲ့သူတစ်ယောက် ၀န်းထဲရောက်နေသည်တဲ့။

ခဏအကြာ အပြေးရောက်လာတဲ့ ၀န်ထမ်းလေး
စကားကိုကြားမိတော့စိုးရိမ်စိတ်က အဆဆ
ပိုလာရသည်။ငတုံးကိုစိတ်တိုနေပေမဲ့
တောင်ပြေးရမလို မြောက်ပြေးရမလို
ဖြစ်နေတဲ့ သူက ထိုနေရာမှာတင်ဖုတ်ပူမီးတိုက်။

ရုတ်တရက် မျက်စိထဲဝင်လာတဲ့အရိပ်လေးတစ်ခုကြောင့်
ရင်ထဲက အပူက တစ်ဝက်လျော့ကျသွားရသည်။
ငတုံးလက်ထဲမှာမေ့မျောနေတဲ့ရိကျန့်လေးကို
တွေ့တော့ ဒေါသတို့ကထိန်းမရ။

ဆေးရုံကားပေါ်ရိကျန့်လေးကိုတင်လို့
ရှောင်းကျန့်ကိုပါ ကားထဲအတင်းနဲ့ထိုးထည့်လိုက်ရင်း
ကားထဲပြန်ဝင်မည်အလုပ်အနားအပြေးရောက်လာတဲ့
လုံခြုရေးတစ်ယောက်။

"အတွင်းရေးမှူးကောင်မလေးက မလှမ်းမကမ်းမှာ
သေနတ်ဒဏ်ရာနဲ့သေဆုံးနေတယ်!ပြီးတော့
Companyရုံးခန်းတစ်ခုရဲ့
CCTVမှာလည်း သူမကို သေနတ်နဲ့ထောက်ပြီး
ခြိမ်းခြောက်ထားပုံရတယ်"

Represented by Cinderella{Completed}Where stories live. Discover now