Part 33

16.4K 2.4K 155
                                    

"ဘာလို့ရုတ်တရက်ကြီး ခေါင်းလျှော်ချင်ရတာလဲ။
နေလည်းမကောင်းဘဲနဲ့..."

ရေစိုနေတဲ့ခေါင်းလေးကို Towelနဲ့
တယုတယသုတ်ပေးနေတဲ့
ရှောင်ကျန့်က သူ့ကိုမေးလာတော့
မျက်လုံးစုံမှိတ်ထားရင်းက ပြုံးမိတယ်။

"မင်း ခေါင်းလျှော်ပေးတာလေး
ခံဖူးချင်လို့။မင်းနှိပ်ပေးတာ အရမ်းကောင်းတာပဲ။
ခေါင်းလျှော်တာတောင် မပြီးချင်ဘူး။"

ပြောပြီး ရိပေါ်က သူ့ခေါင်းပေါ်က
ရှောင်ကျန့်လက်တွေကိုဆွဲချပြီး
နှုတ်ခမ်းနဲ့ဖိကပ်လိုက်တယ်။

"မင်းလက်လေးဆီမှာ ကပ်နေတဲ့
ခေါင်းလျှော်ရည်အနံ့လေးက
ပိုမွှေးတယ်...."

ရင်ထဲမှာ ၀ုန်းဒိုင်းကျဲနေလို့
သူဘာစကားမှပြန်မပြောမိ။
ဖိကပ်သွားတဲ့ နှုတ်ခမ်းအိအိကြောင့်
သူ့လက်လေးရဲ့ အဲ့တစ်နေရာက
ကွက်ပြီး အေးနေခဲ့တယ်။

"ရိပေါ်...."

"ဟင်!!"

"Camelliaနဲ့ မင်းနဲ့က ..."

"ဆက်ပြောလေ.."

"ဘယ်လိုပတ်သတ်တာလဲဟင်..."

အရဲစွန့်ပြီးမေးလိုက်တဲ့အဆုံး
ရိပေါ်က သူ့ကိုဇာတ်လှန်ကြည့်ပြီး ပြုံးချင်တာကို
အောင့်ထားရတဲ့ပုံ။

"သ၀န်တိုတာလား..."

"တော်ပြီ..မဖြေနဲ့တော့.."

"အာ...ဖြေမယ်...ဖြေမယ်..."

ရှောင်ကျန့်ရဲ့လက်တွေကို ရင်ဘတ်ရှေ့
ဆွဲချပြီး တယုတယလေး ကိုင်ကြည့်နေတဲ့
ရိပေါ်က ခဏကြာတော့ စကားစလာတယ်...

"Camelliaရဲ့ ပါပါးနဲ့ ငါ့ပါပါးနဲ့က
အသိတွေ။ပါပါး ၀န်ကြီးဖြစ်ခဲ့တာ
Camelliaအဖေရဲ့ အားပေးထောက်ခံမှုကြောင့်လည်းပါတယ်။
အဲ့တာကြောင့် ငါတို့ကျောင်းချင်းတူတာသိတော့
Camelliaအဖေက သူ့သမီးနဲ့မိတ်ဆက်ပေးတာ။
မင်း ငါ့အိမ်ကို ရောက်ပြီး နောက်နေ့ပဲ။"

"Aww..."

"လာလည်တာ တစ်ခါတည်းပါ။
မင်းလာတဲ့နေ့က နဲ့ဆို ၂ခါပေါ့။
သူ့ကိုသဘောမကျတာက မိဘတွေချင်း
ခင်တာကို လူကြီးစတိုင်နဲ့
အရောဝင်တာပဲ...အဲ့နေ့က မင်းငါ့ဘေးမှာ
ရှိနေလို့ရယ်။မဟုတ်ရင် ငါ့အခန်းတံခါးကို
လက်ရဲ ဇက်ရဲတွန်းဖွင့်လို့ဆိုပြီး
အော်ထုတ်ပြစ်ပြီ..."

Represented by Cinderella{Completed}Where stories live. Discover now