Part 29

15.7K 2.3K 78
                                    

ချစ်မိသွားတဲ့  ခံစားချက်လေးကို
အရမ်းသဘောကျတယ်....

မင်းမှမင်း ဖြစ်နေလို့
မနက်ဖြန်တိုင်းက မျှော်လင့်ချက်အပြည့်...

〰️〰️〰️〰️〰️〰️〰️〰️

"ဖျားနေတာလား"

ပါးဖောင်းလေးတွေ နီရဲနေတဲ့ ရိပေါ်က
အရင်လို မျက်ခွက်မပြောင်နိုင်တော့ဘဲ
ခုံလေးပေါ်မှာ ငိုင်ငိုင်လေး။

နီရဲနေတဲ့ မျက်နှာလေးကို
စိတ်မကောင်းစွာကြည့်မိလိုက်သည်။
ခြောက်သွေ့နေတဲ့ ရိပေါ်နှုတ်ခမ်းတွေကလည်း
ဖြူဖျောဖျော့။

သူများဖျားနေချိန်မှာတောင် ဓာတ်ပုံရိုက်ပြီး
ဗူးနိုင်သေးသည့် မိန်းကလေးများကိုလည်း
အံ့သြမိပါသည်။

"ရိပေါ်ဖျားတာ ချစ်စရာလေး'တဲ့

စိတ်ရှိလက်ရှိသာဆို Phတွေပိတ်ထားဖို့
ထအော်ပစ်ပြီ။ဟုတ်တယ်...
ရိပေါ်နေမကောင်းတာကို သူတို့
အလိုက်မသိကြဘူး။

တချို့ဆိုFlashတွေပါ ထည့်ရိုက်တာကြောင့်
ရိပေါ်က မျက်လုံးလေး မှိတ်မှိတ်သွားသည်မှာ
သနားစရာ။

"မင်းမှောက်အိပ်လိုက်နော်...."

"ခုံကြီးက ဇာတ်နာတယ်။
ငါ့ပါးတွေလည်း ပွန်းကုန်ပြီ.."

အထိမခံတဲ့ သခင်လေးက
ခုံကြောင့်နီရဲနေတဲ့ ပါးပြင်လေးကို
သူ့ကိုပြတယ်။

သူတကယ်ကလေးလေးလိုပဲ။

"လွယ်အိတ်လေး ခုအိပ်..."

လွယ်အိတ်လေးကို သက်တောင့်သက်သာ
ဖြစ်အောင်လုပ်ပေးနေတုန်း
သူ့ပေါင်ပေါ် ခေါင်းတင်ပြီး အိပ်နေပြီဖြစ်တဲ့
ရိပေါ်ကြောင့် ခုန်သွားတဲ့
ရင်ဘတ်အစုံကို ထိန်းချူပ်တဲ့ အနေနဲ့
လွယ်အိတ်လေးကို တင်းနေအောင်
ဆုပ်ထားလိုက်သည်။

သူ့ပေါင်ပေါ်က ရိပေါ်ကို ငုံ့ကြည့်တော့

"သူတို့ ဓာတ်ပုံတွေရိုက်နေတာငါခေါင်းမူးနေပြီ။
မင်းပေါင်က သက်တောင့်သက်သာရှိတယ်..."

ထားစရာနေရာမရှိတဲ့လက်တွေက
ရိပေါ်ဆံပင်ထဲ ထိုးဖွမိပြီးမှ အလန့်တကြား
ပြန်ရုတ်တော့ ရိပေါ်က သူ့လက်တွေကို
ဖမ်းဆွဲရင်း ဆံပင်တွေကြားထဲ
ပြန်ထိုးထည့်ပေးကာ

Represented by Cinderella{Completed}Where stories live. Discover now