🍄Intro🍄

10.6K 376 3
                                    

Unicode
Controlling not to love you
(မင်းကိုမချစ်မိအောင်ထိန်းချုပ်မယ်)

ပေပြည်ရဲ့မင်းသား ပေကောလွီဟာ ရှင်ပြည်ထောင် ဘုရင်ကြီးနဲ့ ငြိမ်းချမ်းရေးရဖို့ လက်ထပ်လိုက်ရတယ်။ ရှင်ပြည်ထောင် ဘုရင်ကြီးက ပေပြည်ထက် စစ်အင်အားကြီးကို ပိုင်ဆိုင်ထားတာကြောင့် ပေကောလွီ မခုခံနိုင်ခဲ့ဘူး ။ ရှင်ပြည်ဘုရင်က ပေပြည်နဲ့ ရှင်ပြည်ကို မျှမျှတတ အုပ်ချုပ်တာကြောင့် ပေကောလွီကလည်း ရှင်ပြည်ဘုရင်ကို စစ်ရေးဘက်မှာ အစွမ်းကုန်ကြိုးစားပြီး ထောက်ပံ့ပေးခဲ့တယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ရှင်ပြည်ဘုရင်ရဲ့ ချောက်ချမှုကြောင့် ပေကောလွီဟာ ပေပြည်ရဲ့ပြည်သူတွေ အကျိုးကိုမကြည့်တဲ့ မင်းသားတစ်ပါး ဖြစ်သွားရတယ်။ ဘာကြောင့်လဲဆိုတော့ ပေကောလွီက ရှင်ပြည်ဘုရင်ကို ချစ်မိသွားတာကြောင့်လေ။ အချစ်ကြောင့် သူကထိုလူကို ယုံကြည်ခဲ့မိတယ်။ သူ့အတွက် ပြန်ရလိုက်တာက ခင်ပွန်းဖြစ်သူရဲ့ သစ္စာဖောက်ခြင်းနဲ့ ပြည်သူတွေရဲ့ ရွံရှာမုန်းတီးတဲ့ အကြည့်တွေပဲ။ နောက်ဆုံးတွင်တော့ ပေကောလွီသည် ဓားတစ်ချောင်းကို ဆွဲယူလာပြီး ရှင်ပြည်ဘုရင် ညီလာခံကျင်းပနေတဲ့ နန်းဆောင်ထဲမှာပဲ မိမိလည်ပင်းကို ဓားနဲ့လှီးဖြတ်ပြီး သေဆုံးသွားခဲ့တယ်။

ကံကြမ္မာရဲ့ လှည့်ကွက်ကြောင့် သူဟာ ရှင်ပြည်ဘုရင်နဲ့လက်ထပ်ပြီး နောက်တစ်နေ့ညတုန်းက အချိန်ကို ပြန်မွေးဖွားလာခဲ့တယ်။ ပေကောလွီ ထိုလူကို မချစ်မိအောင်နဲ့ ထိုလူရဲ့လှည့်ကွက်ထဲ ရောက်မသွားအောင် ဘယ်လိုတွေလုပ်သွားမလဲ ဆိုတာကိုတော့ အသွေးဒါလေးရေးတဲ့အခါ အတူလာခဲ့ပေးနော်။

Zawgyi
Controlling not to love you




Controlling not to love you (OC) Completed Where stories live. Discover now