🍄Part (12)🍄သစ်သားအရုပ်ကလေး

2.8K 324 4
                                    

Controlling not to love you

                       🍄 (12)🍄
           [သစ်သားအရုပ်ကလေး]

        ရှင်ထန့်ဟောင် ပေကောလွီနောက်ကို လိုက်သွားတာကို သူမဝမ်းနည်းစွာ ရပ်ကြည့်နေခဲ့လေသည်။ တကယ်တော့ သူမလည်း ဧကရီနေရာကို ရယူချင်ခဲ့တာ မဟုတ်ရပါ။ ချင်းအိမ်တော် ပုန်ကန်မှုကို သူမတို့မိသားစုက မြောက်များစွာ ကူညီခဲ့တာကြောင့် ဘိုးဘိုးက ဧကရီအဖြစ် ရွေးချယ်ပေးရန် အသက်ပေး တောင်းဆိုသွားခဲ့တာ ဖြစ်လေသည်။

        ပေကောလွီ ချိုးဖျက်လက်ဝါးသိုင်းကို ကျင့်ကြံနေတာ တစ်ဝက်လောက်အထိ ခရီးရောက်နေပြီ။ သူ့ရဲ့နားနဲ့ မျက်လုံးက အလွန်အားကောင်းနေလို့ စောစောက ရှင်ထန့်ဟောင် ပြောသွားတဲ့ စကားတွေကို သူကြားမိသည်။

("ယွမ်းအဘိုးကြီးက သူမသေခင် ရှင်ထန့်ဟောင်ကို တစ်ခုခု​ပြောသွားလို့လား? ဘာဖြစ်လို့ ငါနဲ့သူက မဖြစ်နိုင်ရတာလဲ?")

        ညစျေးက အင်မတန် စည်ကားသည်။ ရောင်စုံမီးပုံးတွေကို နေရာအနှံ့မှာ ချိတ်ဆွဲထားပြီးတော့ ပြည်သူတွေလည်း ပျော်ပျော်ရွှင်ရွှင် လှုပ်ရှားသွားလာနေကြသည်။ တူကြီးနှစ်​ယောက် ခဏမျှ ပတ်ကြည့်ပြီးသွားသောအခါ လမ်းကြားတစ်ခုထဲမှ အဖွဲ့တစ်ဖွဲ့က သူတို့နဲ့ မနီးမဝေးက ကပ်ပါလာ၏။

        ပေကောလွီ ပေရှန်းတူရဲ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

"ဦးရီးတော်....."

         ကလေးက နာကျင်သွားတာကြောင့် သူ့ကိုခေါ်လာ၏။ ပေကောလွီ ဖြေလျှော့ပေးလိုက်ပြီး ပေရှန်းတူကို ကောက်ပွေ့လိုက်သည်။ ပေကောလွီရဲ့ အမူအရာက ပြောင်းလဲလာတာကြောင့် တင်ချွိုက်သည် ချက်ချင်း သဘောပေါက်၏။ သူက ခါးကဓားကို အသင့်ကိုင်ထားလိုက်သည်။

        သူက လမ်းလျှောက်သလိုနှင့် ပေကောလွီ အနားကို ကပ်သွားသည်။

"မင်းသား..... အနောက်မှာ"

"ဟုတ်တယ် အနည်းဆုံး ငါးယောက်.... ခေါင်းမိုးပေါ်တွေမှာလည်း ရှိတယ် ဒီနေရာမှာ မြို့သားတွေ အများကြီး ထိခိုက်တာတွေ များနိုင်တယ်.... မြန်မြန်သွားမယ် အမှောင်ရိပ် တစ်နေရာကို ရောက်ရင် မင်းအားတူကို နန်းတော်ပြန်ခေါ်သွားလိုက်"

Controlling not to love you (OC) Completed Where stories live. Discover now