🍄Part (15)🍄ကြင်နာတတ်တဲ့မိန်းကလေး

2.5K 273 0
                                    

Controlling not to love you

                           🍄(15)🍄
              [ကြင်နာတတ်တဲ့မိန်းကလေး]

        ပေပြည်အမတ်ကြီး ပြန်သွား၏။

ပေကောလွီ - "ပေပြည်ဘက်က ကိစ္စတွေကို ကျွန်တော့်ဘာသာ ဖြေရှင်း...."

        ရှင်ထန့်ဟောင်က သူ့ပါးစပ်ထဲကို ကိတ်မုန့်တစ်ခု ထိုးထည့် ပေးလာလေသောအခါ ပေကောလွီလည်း စကားဆက်ပြောဖို့ အခွင့်အရေး မရတော့ပေ။ သူ့နှုတ်ခမ်းဝမှာ တစ်နေတဲ့ ထိုမုန့်ကို ယူစားဖို့ ရှင်ထန့်ဟောင် ကပ်လာလေသော် ပေကောလွီ အထိတ်တလန့်ဖြင့် မုန့်ကိုစားပစ်ပြီး မျက်နှာလွှဲထားလိုက်၏။

        သို့နှင့် အနမ်းက ပါးစောင်းလေးပေါ် ရောက်ရှိသွားသည်။ ရှင်ထန့်ဟောင်က ရယ်လျက်။

"ပါးလေးကို အနမ်းခံချင်တယ် ဆိုရင်လည်း ကိုယ့်ကို ပြောလို့ရတယ်နော်"

        ပေကောလွီ တစ်ဖက်လူကို ပြန်စိုက်ကြည့်လိုက်သည်။

"ထွက်သွားစမ်း!"

        ရှင်ထန့်ဟောင် အံ့သြစွာ မျက်တောင်လေးတွေ ပုတ်ခတ်သွားသည်။ ပေကောလွီကအခု သူ့ကိုငေါက်လိုက်တာလား။ အသံလေးက ချစ်စရာကောင်းလွန်းလို့ အဲဒီလို ထပ်ပြောပါစေလို့ ဆုတောင်းရတော့မှာပဲ။

         ရှင်ထန့်ဟောင်ရဲ့ ပြုံးစိပြုံးစိ မျက်နှာကို မြင်ရသောအခါ ပေကောလွီလည်း သူဘာပြောလိုက်မိမှန်း သတိရသွားကာ အနေကြပ်သွား၏။ သူက အရှင်ဧကရာဇ် တစ်ပါးကို ထွက်သွားဖို့ အော်ငေါက်လိုက်တာပဲ။ သူဘယ်လိုများ ပြောထွက်မိပါလိမ့်။

         ခဏကြာသော် သူတို့အတွက် နေ့လည်စာ ရရှိလာ၏။ ပေပြည်ထဲမှာရှိတဲ့ ကျိုးပါးပြည်သားတွေက ညနေလောက်ဆို ရောက်လာတော့မည်။ လက်ရှိ ရှင်ပြည်ထောင်ထဲမှာလည်း ကျိုးပါးပြည်သားတွေ ရှိနေ၏။ သူတို့ကလည်း ရှင်ထန့်ဟောင် နဲ့ ပေကောလွီကို စောင့်ကြည့်နေကြလိမ့်မည်။

         ရှင်ထန့်ဟောင်မှာ ထက်မြတ်တဲ့ အရိပ်တပ်သားတွေ အများကြီး ရှိသည်။ ထိုထဲမှ တစ်ယောက်မှ မိုင်၃၀အကွာရှိ နေရာတစ်ခုကနေ နေ့ချင်းညချင်းပဲ ပြေးလာခဲ့ပြီးတော့ ရှင်ထန့်ဟောင်ကို သတင်းတစ်ခု ပေးလေ၏။

Controlling not to love you (OC) Completed Where stories live. Discover now