🍄Part (28)🍄လေပွေရွေ့လျားသိုင်း

1.3K 166 5
                                    

Controlling not to love you

                            🍄28🍄
               [လေပွေရွေ့လျားသိုင်း]

မီးခိုရောင်ဝတ်နဲ့လူက ပန်ကုန်းစွန်းက တစ်ချက်ကြည့်ပြီးတော့ တုံ့ဖန်းရဲ့ ကိုယ်တစ်ခြမ်းနဲ့ ကွယ်နေတဲ့ လွေ့မန်ကုကို ကြည့်လိုက်သည်။

"မင်းသားကု..... မင်းထွက်သွားချင်တယ် ဆိုရင်တော့ မင်းရဲ့လက်က ရတနာကိုတော့ ထားခဲ့ရမယ်လေ"

လွေ့မန်ကုက မျက်နှာကို ခပ်တင်းတင်းပဲ လုပ်ထားသည်။ သူ့မျက်နှာထားက အစကတည်းက အေးတိအေးစက်နဲ့ဖြစ်ကာ မီးခိုရောင်ဝတ် လူရဲ့စကားကို ကြားတဲ့အခါ သူ့ရဲ့ကိုယ်ရှိန်ကြောင့် ပတ်ဝန်းကျင် လေထုကလည်း အေးစက်သွားတော့သည်။

သူက တုံ့ဖန်းဘေးတွင် ဝင်ရပ်လိုက်သည်။

"ခင်ဗျားက ခမည်းတော်အတွက် အလုပ်လုပ်ပေးနေတာလား ဒါမှမဟုတ် ကိုယ့်သဘောနဲ့ကိုယ် ဒီရတနာကို လာယူတာလား မသိပေမယ့် ကျုပ်ကတော့ ပေးနိုင်မှာမဟုတ်ဘူး"

"ဟင့်..... မင်းဒီလိုပြောမယ်ဆိုတာ ထင်ပြီးသားပါ ဒါပေမဲ့ မင်းရဲ့အခုအခြေအနေကို ကြည့်လိုက်ဦးလေ"

လွေ့မန်ကု သူတို့ကိုဝိုင်းထားတဲ့ လူအုပ်ကြီးကို ကြည့်လိုက်သည်။ လွေ့ဧကရာဇ်က လွေ့မန်ကုကို သူ့ညီအစ်ကိုတွေ လာကယ်မှာကို ကြိုတင်ခန့်မှန်းမိပြီးသား ဖြစ်တာကြောင့် မြှားပစ်အထူးတပ်သားတွေကို သုံး၍ သူတို့ကို ပြန်ဖမ်းဖို့အတွက် စီစဥ်ထားသည်။

လွေ့မန်ကု တစ်ခဏ ဆွံအသွားသော်လည်း သူ့ကိုယ်သူ ယုံသလို သူ့ရဲ့ညီအစ်ကိုတွေကိုလည်း ယုံကြည်သည်။ တစ်ဖက်ရန်သူက ဘယ်လောက်ပဲ အင်အားကြီးနေပါစေ သူတို့ သေချာပေါက် ဖောက်ထွက်နိုင်မှာပဲ။

လွေ့မန်ကုသည် ပေကောလွီ နဲ့ ရှင်ထန့်ဟောင်ရှိရာဘက်ကို အနည်းငယ် ခေါင်းစောင်းငဲ့ကြည့်လိုက်သည်။

"ညီ၈......"

"အစ်ကို၂....."

ပေကောလွီကလည်း ပြန်ထူးသည်။

"ခဏနေ လူစုခွဲပြေးမယ်..... မင်းသူနဲ့ လိုက်သွား... "

သူက ရှင်ထန့်ဟောင်ကိုပါ မျက်ရိပ်ပြလိုက်လေ၏။ သူတို့တွေ တီးတိုးစကားပြောနေတာကို မြင်တော့ မီးခိုရောင်ဝတ်လူကြီးရဲ့ မျက်နှာက အရောင်ပြောင်းသွားကာ လွေ့မန်ကုထံသို့ ကျားလက်သည်းဖြင့် စတင် တိုက်ခိုက်လာပေသည်။

Controlling not to love you (OC) Completed Where stories live. Discover now