🍄Part (41)🍄ဝမ်မုန့်စွင်းရဲ့အမိန့်

1.1K 122 1
                                    

Controlling not to love you

                              🍄 41🍄
               [ဝမ်မုန့်စွင်းရဲ့အမိန့်]

ဝမ်မုန့်စွင်းတစ်ယောက် လုံးရှန်းဂိုဏ်းနဲ့ ဆက်ဆံရေး အဆင်ပြေကြောင်းကို တုံ့ဖန်းတို့တစ်ဖွဲ့လုံး သေချာနားလည်စေရန်အတွက် နောက်တစ်နေ့မနက်တွင် ဝမ်မုန့်စွင်းထံမှ သေတ္တာတစ်လုံး ရောက်ရှိလာလေသည်။

တုံ့ဖန်းတို့ ဂိုဏ်းတူမောင်နှမ ၈ယောက်သည် စားပွဲပေါ်က သေတ္တာအရှည်ကြီးကို အသံတိတ် စိုက်ကြည့်နေကြသည်။ မည်သူကမှ သေတ္တာကိုဖွင့်ဖို့ မလှုပ်ကြချေ။ ဧည့်နန်းဆောင်ထဲက စားပွဲရှည်ကြီးပေါ်တွင် သေတ္တာတစ်လုံးမှာ အထီးကျန်နေပေ၏။

ချိန်ယင်သည် စားပွဲပေါ်ကို သစ်သီးတွေ လာတင်ပေးရင်း ထိုလူရှစ်ယောက် အလွန်ငြိမ်သက်နေတာကို ကြောင်အစွာနဲ့ ကြည့်နေလေသည်။

"ဒီဘက်ကိုလာခဲ့....."

ရှင်ထန့်ဟောင် အသံကြားတော့မှ ချိန်ယင် ကုတ်ကုတ် ကုတ်ကုတ်နဲ့ အစွန်းဆုံးခုံမှာ လာထိုင်၏။

"သူတို့ ဘာလုပ်နေကြတာလဲ?"

"မသိဘူး.... သေတ္တာကို အလှကြည့်နေကြတာ ဖြစ်မယ်"

တုံ့ဖန်းသည် သူ့ရဲ့ညီအစ်ကိုတွေနဲ့ ညီမတွေကို တစ်လှည့်စီ ကြည့်ပြီးနောက်တွင် သေတ္တာကြီးပေါ်ကို လက်တင်လိုက်ပေသည်။

"ရှစ်ဖူ ငါတို့ဆီ ဒီသေတ္တာပို့လိုက်တာ အကြောင်းတစ်ခုခုရှိလို့ပဲ.... အရင်ဆုံး ဖွင့်ကြည့်ကြတာပေါ့..."

သူတို့အားလုံး တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်တာကို သေချာကြည့်ပြီးမှ တုံ့ဖန်း သေတ္တာအဖုံးကို လှပ်လိုက်သည်။

ယွိရင် - "အဆောင်တွေလား?"

အမှန်ပင် သေတ္တာထဲတွင် ရှိနေသော အရာမှာ ခါးတွင်ချိတ်နိုင်သော အဆောင်ဖြစ်ပြီး အရောင်ကိုတော့ အစိမ်းနုရောင်သုံးထား၏။ ရှည်လျားသော အမွေးအပေါ်တွင် သေးငယ်သော ဖန်လုံးလေးတစ်လုံးကို သီထားကာ ကြိုးမှာ သူတို့ခါးမှ ဒူးအထိရှည်လေသည်။

ချင်းသွမ့်က အဆောင်ခါးချိတ်ကိုယူကာ မျက်မှောင်ကျုံ့၏။ ဒီလို အလှအပပစ္စည်းတွေကို သူမကြိုက်တာ အသိသားကြီး။

Controlling not to love you (OC) Completed Where stories live. Discover now