🍄Part (8)🍄ရှင်ထန့်ဟောင်ရဲ့အကြံအစည်

3.2K 348 9
                                    

Controlling not to love you

                     🍄(8)🍄
          [ရှင်ထန့်ဟောင်ရဲ့အကြံအစည်]

        ညရောက်သော်။

"အရှင်ဧကရာဇ်.... ကိုယ်လုပ်တော်၉ ရောက်ရှိလာကြောင်းပါ"

"ဝင်ခဲ့"

        ဧကရာဇ်အမိန့်သံကို ကြားသောအခါ အထိန်းတော်ကြီးက တံခါးဖွင့်ပေးလိုက်လေသည်။ အခန်းထဲရှိ ဖယောင်းတိုင် မီးရောင်အောက်မှာ ရှင်ထန့်ဟောင်က လက်ဖက်ရည်သောက်ရင်း သဝဏ်လွှာတစ်ခုကို ဖတ်ရှုနေသည်။

        ထိုင်နေတာတောင်မှ ဧကရာဇ်တစ်ပါးရဲ့ အရှိန်အဝါတွေကို မယုတ်မလျော့ ထုတ်လွှတ်နေတာကြောင့် ကိုယ်လုပ်တော်၉ရဲ့ ခန္ဓာကိုယ်သေးသေးလေး ကျုံ့သွားသည်။ သူမသည် နန်းတော်ထဲကို ပထမဆုံးဝင်လာသော ကိုယ်လုပ်တော် ဖြစ်သော်လည်း သူမကအဆင့်အနိမ့်ဆုံး ဖြစ်နေ၏။

        အကြောင်းမှာ သူမသည် ရှင်ထန့်ဟောင် မြင်လိုက်တယ်ဆိုရင်ပဲ ကြောက်ရွံ့နေတာကြောင့် ကောင်းကောင်းမခစားနိုင်ချေ။ ထို့ကြောင့် နောက်ထပ်ရောက်လာတဲ့ ကိုယ်လုပ်တော်တွေက သူ့အဆင့်ကို ကျော်တက်သွားကုန်ကြခြင်း ဖြစ်လေသည်။

"အရှင်......"

         သူမ မဝံ့မရဲ အသံလေးနဲ့ ခေါ်လိုက်သည်။ အရှင်ဧကရာဇ်၏ ဆင့်ခေါ်ခြင်း ခံရတာကြောင့် ကျန်သော ကိုယ်လုပ်တော်တွေက သူမကို မနာလိုအားကျနေပြီ ဖြစ်သော်လည်း သူမကတော့ တုတ်တုတ်ပင် မလှုပ်ရဲ။

"ဒီမှာ လာထိုင်..... မင်းကို ပြောစရာရှိတယ်"

"ဟုတ်ကဲ့"

         သူမ ရှင်ထန့်ဟောင် ပြောတဲ့အတိုင်း မျက်နှာချင်းဆိုင်က ထိုင်ခုံမှာ သွားထိုင်လိုက်သည်။

"ကိုယ်တော်ကြားတာ မင်းက နန်းတော်ထဲမဝင်ခင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ ရည်ရွယ်ခဲ့တယ်ဆို"

"အမှန်ပါပဲ အရှင်"

"ကိုယ်တော်မင်းကို ရှင်ပြည်ထောင်မှာ ကြီးကျယ်ခမ်းနားတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ လုပ်ပေးမယ်"

"တကယ်လား?"

"အမှန်ပဲ.... ဒါပေမဲ့ မင်းဘက်ကတော့ ကိုယ်တော့်ကို တစ်ခုပြန်လုပ်ပေးရမယ်"

Controlling not to love you (OC) Completed Where stories live. Discover now