🍄Part (76)🍄အလိုလိုက်ပေးခြင်း

897 90 3
                                    

Controlling not to love you

🍄76🍄
[အလိုလိုက်ပေးခြင်း]

ပေကောလွီ ဘယ်နှနာရီလောက် အိပ်ပျော်သွားလဲမသိ။ သူနိုးလာတဲ့အခါ ခန္ဓာကိုယ်က အနည်းငယ် နာကျင်နေ၏။ သူအိပ်မပျော်ခင်က ရှင်ထန့်ဟောင်တိုက်တဲ့ ဆေးလုံးတစ်လုံးကို သောက်ခဲ့တာကြောင့်သာ မဟုတ်ရင် အခုဆို သူနေသာမည်မဟုတ်။

ပေကောလွီ မျက်လုံးဖွင့်ကြည့်လိုက်တော့ တောင့်တင်းသန်မာတဲ့ ရင်အုပ်ကို အရင်မြင်ရလေသည်။ သူ့လက်ချောင်းများက ထိုရင်အုပ်ပေါ်တွင် ကပ်လျက်ရှိကာ ရင်အုပ်ပိုင်ရှင်ကတော့ သူ့ရဲ့ကျောနဲ့ ခါးကို လက်တစ်ဖက်စီသုံးကာ ဖက်ထားပေးသည်။

ရှင်ထန့်ဟောင် သူ့ကို တင်းတင်းကျပ်ကျပ်ကလေးကို ဖက်ထားပေး၏။ သူ့ခန္ဓာကိုယ်မှာ ဝတ်ရုံတစ်ထပ် ပြန်ဝတ်ထားပေးပြီး ရှင်ထန့်ဟောင်ကတော့ သူ့ရင်အုပ်ကို ဖွင့်ပြထားသည်။

"လွီ.... ညစာစားတော့မလား"

"မင်းနိုးနေတာကြာပြီလား"

"အင်း မင်းလက်ကလေးတွေက ကိုယ့်ကိုထိတွေ့ရတာ အရမ်းကြိုက်နေလို့ ကိုယ်ဖြင့်မထသေးဘဲ မင်းကိုစောင့်နေပေးရတာလေ"

ပေကောလွီ သူ့လက်အား ရှင်ထန့်ဟောင်ရင်ဘတ်ထဲကနေ အမြန်ပြန်ရုတ်လိုက်သည်။ ရှင်ထန့်ဟောင် ထိုအရှက်သည်းနေသူလေးအား ကြည့်၍ ပြုံးရယ်နေ၏။ သူခေါင်းငုံ့ကာ ပေကောလွီနဖူးကို နမ်းလိုက်ပြီး။

"လွီ ကြိုက်ရင် ဆက်ကိုင်ထားလို့ရတယ်နော်"

"လျှောက်မပြောနဲ့"

ပြောရင်း ပေကောလွီ နည်းနည်းရုန်းလိုက်သည်။ သူနေသာထိုင်သာရှိသွားအောင် ရှင်ထန့်ဟောင်ကလည်း လက်များကို လွှတ်ပေး၏။ စက္ကူပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်တော့ နေဝင်နေတာတွေ့ရသည်။

သူတို့တစ်နေကုန် အိပ်နေကြပြီး နေ့လယ်စာကိုလည်း မစားဖြစ်ခဲ့ကြ။ ပေကောလွီ ထလိုက်တော့ သူ့ရင်ဘတ်က ပွင့်လျက်သားဖြစ်နေရာ အနီအမှတ်တွေ အမြောက်အများ ပေါ်ထွက်လာသည်။ ပေကောလွီ တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့အဝတ်အစားတွေကို ပြင်လိုက်သည်။

Controlling not to love you (OC) Completed Where stories live. Discover now