🍄Part (29)🍄တစ်ညတာကျော်ဖြတ်ခြင်း

1.6K 182 1
                                    

Controlling not to love you

                           🍄29🍄
           [တစ်ညတာကျော်ဖြတ်ခြင်း]

အန်းယွင်နှင့် ကော်လီသည် အန်းမိသားစုကို ရှေ့စဥ်နောက်စဥ်ပဲ ရောက်လာခဲ့တဲ့ မိဘမဲ့တွေ ဖြစ်ကြသည်။ သူတို့ရဲ့အသက်ကို အန်းမိသားစုအပေါ်မှာ ပုံအပ်ထားကြကာ သခင်အန်းပင်းရန်ရဲ့ အမိန့်ကိုလည်း တသွေမတိမ်း လိုက်နာခဲ့ကြ၏။

မကြာသေးခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် သူ့စိတ်ထဲ တစ်စုံတစ်ခုကို မတင်မကျ ဖြစ်လို့နေသည်။ ထို့ကြောင့် ကော်လီကို မေးဖို့သူစောင့်ရမည်။

သူစောင့်နေပြီး သိပ်မကြာတဲ့ အချိန်မှာ အဖြူရောင်ဝတ်ရုံနဲ့ မိန်းကလေးတစ်ယောက် အခန်းထဲဝင်လာသည်။ သူမက သူမအခန်းထဲမှာ လူတစ်ယောက် ရောက်နေတာ တွေ့သောအခါ မျက်ဝန်းတွေက ချက်ချင်း အေးစက်သွားသော်လည်း ရောက်နေသူက အန်းယွင် ဖြစ်နေ၏။

ထို့ကြောင့် သူမအကြည့်တွေသည် ပြန်လည်ငြိမ်ကျသွား၏။ အန်းယွင်က သူမကိုတွေ့သောအခါ ထိုင်နေရာမှ ထရပ်လိုက်သည်။

"မမ......"

"နင်လိုက်သွားတာလား?"

ကော်လီက သူ့ဆီကို ခပ်သွတ်သွတ်လျှောက်လာရင်း မေး၏။

"သူနင့်ကို ခေါ်သွားတာလား? အခုဒဏ်ရာရလာပြီမလား?"

အန်းယွင် ခေါင်းကုတ်လိုက်သည်။

"မမရယ် ဒဏ်ရာက သိပ်မကြီးပါဘူး.....ဟုတ်သား အဲဒီပေကောလွီသုံးလိုက်တာက ချိုးဖျက်လက်ဝါးသိုင်းပဲ ဒါပေမဲ့ သူထုတ်သုံးလိုက်တာက ကျွန်တော့်ကို ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက် မရှိသလိုပဲ"

ကော်လီသည် စကားနားမထောင်သလို အန်းသခင်ရဲ့ အမိန့်ကိုလည်း မလွန်ဆန်နိုင်တဲ့ အန်းယွင်ကို သူမမျက်စောင်းထိုးလိုက်ပြီး အန်းယွင်လက်ကောက်ဝတ်ကို လှမ်းဆွဲယူလိုက်သည်။ ပြီးနောက် သွေးကြောကို စမ်းကြည့်၏။

"ဒါတကယ် ချိုးဖျက်ကြေလက်ဝါးသိုင်းပဲ..... လာ....."

သူမ အန်းယွင်ကိုဆွဲခေါ်ကာ ထိုင်ခုံတွင်ထိုင်စေလိုက်ပြီး လက်ဖျံကြောများပေါ်တွင် အပ်စိုက်ကုပေးလိုက်သည်။ ပေကောလွီက အားအများကြီး မသုံးလိုက်သော်လည်း ချိုးဖျက်လက်ဝါးသိုင်းက မူလအစကတည်းက ကြောက်စရာကောင်းတဲ့ သိုင်းကျမ်းဖြစ်လို့ အန်းယွင်လက်က စိုးရိမ်စရာတော့ရှိသည်။

Controlling not to love you (OC) Completed Where stories live. Discover now