🍄Part (17)🍄လက်မလွှတ်နိုင်တော့ပေ

2.4K 248 2
                                    

Controlling not to love you

                             🍄17🍄
             [လက်မလွှတ်နိုင်တော့ပေ]

        ပေကောလွီ ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ် သဝဏ်လွှာတွေကိုပါ လက်ခံလိုက်သည်။ စစ်သူကြီး တစ်ဦးက ကျိုးပါးပြည်သူတွေ ပေပြည်ထဲမှာ ရှိနေသေးကြောင်းနဲ့ သေချာစောင့်ကြည့်ထားကြောင်း တင်ပြလာလေသည်။

        နောက်ထပ် စစ်သူကြီးတစ်ယောက်ကိုတော့ အကယ်၍ ရှင်ပြည်ထောင်နဲ့ ကျိုးပါးပြည်တို့ စစ်ဖြစ်ခဲ့လျှင် ကူညီထောက်ပံ့နိုင်အောင် အသင့်ပြင်ထားခိုင်း၏။ အမတ်ကြီးကတော့ ပေကောလွီကို ခေါင်းအစခြေအဆုံး သေသေချာချာ အကဲခတ်နေလေသည်။

         ပေကောလွီ ပြုံးလိုက်သည်။

"ဘာဖြစ်လို့လဲ? အမတ်ကြီး"

"အရှင်မင်းသား မကြာသေးခင်က လုပ်ကြံခံရတာ ကျိုးပါးပြည်နဲ့များ ပတ်သက်နေလို့လား?"

"ရာခိုင်နှုန်း တစ်ဝက်လောက်ကတော့ သေချာနေပြီ.... နောက်ထပ် စစ်ဆေးစရာတွေက ရှိနေသေးတယ်.... အမတ်ကြီးက ပေပြည်ဘက်ကို စောင့်ရှောက်ဖို့ တာဝန်ယူပေးပါ အားရှန်းကို မကြာခဏ ပေပြည်ကို လွှတ်လိုက်မယ်.... အမတ်ကြီးက သင်ပြပေးပါဦး"

        အမတ်ကြီးကထ၍ ပေကောလွီအား ဂါဝရပြုလိုက်သည်။

"အရှင်မင်းသား စိတ်ချတော့မူပါ"

        ပေကောလွီ ခေါင်းညိတ်ပြလိုက်သည်။ သူအယုံကြည်ဆုံးနဲ့ စိတ်အချဆုံးက အမတ်ကြီးပင်။ အမတ်ကြီးက စာသင်သားအရွယ်ကစလို့ ပေပြည်အကျိုးအတွက် အပတ်တကုတ် ကြိုးစားခဲ့ကာ ပေပြည်၏ ဧကရာဇ်ဟောင်းကစလို့ ပေကောလွီအထိ တိုင်းပြည်အပေါ် သစ္စာရှိခဲ့တဲ့သူ ဖြစ်သည်။

        တစ်ဖက်တွင်ရှိ ညီလာခံတွင်တော့ ကျိုးပါးပြည်၏ စစ်တပ်များ စခန်းချထားသည့် နေရာနှင့် မကြာခင် စစ်ဖြစ်နိုင်ချေရှိသော အခြေအနေကြောင့် အမတ်မင်းများမှာ စိုးရိမ်ကြောင့်ကြကာ အရှင်ဧကရာဇ်အား အပူကပ်ကုန်ကြသည်။

         တချို့က သံတမန်စေလွှတ်၍ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ကြိုးပမ်းချင်ကြသလို တချို့ကလည်း ရဲရဲဝံ့ဝံ့ တိုက်ထုတ်ပစ်ရန် ထောက်ခံကြသည်။ အမတ်ကျူတစ်ယောက်တည်းသာ အလွန်ငြိမ်သက်လျက် မျက်နှာက စိမ်းလိုက်ပြာလိုက် ဖြစ်နေ၏။

Controlling not to love you (OC) Completed Where stories live. Discover now