🍄Part (37)🍄ဝါးရုံတောရွာရဲ့သရုပ်မှန်

1.2K 155 2
                                    

Controlling not to love you

                             🍄37🍄
               [ဝါးရုံတောရွာရဲ့သရုပ်မှန်]

"မသိဘူး.... စာကော ငှက်ကော ငါမရလိုက်ဘူး..... ငါသွားတော့ ငှက်မွေးကိုပဲ တွေ့တော့တယ် အမွေးကဇီးကွက်တစ်ကောင်ရဲ့ အမွေးပဲ.... ဒါပေမဲ့ ငှက်ကိုယူသွားတဲ့ လူရိပ်က အရမ်းမြန်တော့ ငါမမှီလိုက်ဘူး.... ထူးထူးဆန်းဆန်း ဒီမနက်မှာ လူတစ်ယောက်ကငါ့ကို ဒီရက်ပိုင်းထဲမှာ မပြန်သေးဖို့ တိတ်တဆိတ် လာပြောတယ်....."

"ခဏနေဦး....."

ရှင်ထန့်ဟောင် ပေကောလွီလက်တစ်ဖက်ကို ဆွဲထားရင်းမှ ဝါးရုံတွေ အုံ့စိုင်းနေသော အမှောင်ရိပ် တစ်နေရာဖက်သို့ ပြေးဝင်သွား၏။ ချင်းသွမ့်လည်း သူတို့အနောက်မှ လိုက်ရသည်။ သူတို့ဝင်ပုန်းပြီးနောက် မလှမ်းမကမ်းမှာရှိတဲ့ ရွာသူကြီး အိမ်ထဲကနေ တစ်စုံတစ်ယောက် ထွက်လာတာကို တွေ့ရ၏။

သူက ဒီရွာကရွာသားတစ်ယောက်ပဲ ဖြစ်သည်။ သို့သော်လည်း ထိုလူသည် သံသယဝင်စရာကောင်းအောင် ဟိုကြည့်သည်ကြည့် လုပ်၍ ထွက်သွားလေသည်။

ပေကောလွီ - "သူ့ကိုသိလား"

"မသိဘူး"
"မသိဘူး"

ရှင်ထန့်ဟောင်တို့ နှစ်ယောက်က တစ်ပြိုင်နက်တည်း ဖြေလာသည်။

ပေကောလွီ - "ငါ အသားစားငါးကြောင့် ဒဏ်ရာရလာတဲ့ လူနှစ်ယောက်ကို စစ်ဆေးနေတုန်းက အဲဒီလူရှိတယ်.... သူက ရွာသားနှစ်ယောက်ကို သေချာကြည့်နေတာ"

ချင်းသွမ့် - "အသားစားငါးရဲ့ နောက်ကွယ်မှာ တရားခံတစ်ယောက်ယောက်ကတော့ သေချာပေါက် ရှိနေပြီ"

ရှင်ထန့်ဟောင် - "ကိုယ်တို့ ရွာသူကြီးကို တစ်ချက်လောက် သွားကြည့်ကြည့်ရအောင်.... အသားစားငါး အကြောင်း မမေးဘူး.... ကိုယ်တို့ဒီကနေ ထွက်သွားကြမယ့် အကြောင်းပဲ ပြောကြမယ်"

"ကောင်းပြီ"

ဝါးရိပ်အောက်ကနေ ထွက်ပြီး ရွာသူကြီး၏ ဝါးတွေနဲ့ကာထားတဲ့ ခြံဝန်းလေးထဲကို ဝင်လာခဲ့ကြသည်။ ရွာလူကြီး၏ဇနီးသည် အိမ်ရှေ့တွင် ကြက်စာကျွေးနေကာ ရွာလူကြီးကတော့ အိမ်ထဲတွင် ရေနွေးကြမ်းသောက်ရင်း တစ်ခုခုကို စဥ်းစားနေဟန်ရှိ၏။

Controlling not to love you (OC) Completed Where stories live. Discover now