🍄Part (90)🍄အနားယူဖို့အချိန်နီးကပ်နေပြီ

838 84 0
                                    

Controlling not to love you

🍄(90) 🍄
[အနားယူဖို့အချိန်နီးကပ်နေပြီ]

"ကိုယ် လုချိန်စုန့်ဆီကနေ ကျန်နေတဲ့ လက်ကောက်တွေကို ရထားတယ်... မင်းရဲ့လက်ကောက်တွေနဲ့ ပေါင်းလိုက်ရင် အဲဒါက ရတနာတစ်ခုဖြစ်သွားပြီ"

ပေကောလွီ သူ့လက်ကောက်ဝတ်ကိုထုတ်ကာ ကျောက်စိမ်းလက်ကောက်တွေကို ရှင်ထန့်ဟောင်ဆီ ပေးလိုက်သည်။

"မင်းသိမ်းထားလိုက်...."

"လွီ....."

ရှင်ထန့်ဟောင်ခေါ်သံလေးက အင်မတန် တိုးရှသွားသည်။ ပေကောလွီက အစောကြီးကတည်းက သံသယဝင်နေခဲ့တာပဲကိုး။ ဒါကြောင့် ချစ်သူတွေကြားမှာ တချို့အရာတွေက လုံးဝဖုံးကွယ်လို့ မရဘူးလို့ လူတွေကပြောကြတာ။

ရှင်ထန့်ဟောင် ပြောစကားကို နားထောင်၍ လက်ကောက်ကို သိမ်းဆည်းလိုက်သည်။ ပေကောလွီက ဆို၏။

"လုချိန်စုန့်က ဘာဖြစ်လို့ လက်ကောက်တွေကို အရမ်းလိုချင်နေတာလဲ?"

"ဒီကျောက်စိမ်း လက်ကောက်တွေမှာ ဒဏ္ဍာရီရှိတယ်.... သူတို့က ထူးခြားတဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ရဲ့ ပစ္စည်းတဲ့ အဲဒီလူက တစ်နေ့ကျတော့ နတ်သမီးလေးတစ်ပါးကို အိပ်မက်မက်ခဲ့တယ်.... နတ်သမီးလေးက ညတိုင်း သူ့အိပ်မက်ထဲမှာပေါ်လာပြီး စကားပြောကြတယ် အဲဒီနောက် လူငယ်က နတ်သမီးကို ချစ်မိသွားပြီး အပြင်လောကမှာ နတ်သမီးလေးကို ရှာတွေ့ချင်လာတယ်...."

"နောက်တော့ ဘာဖြစ်သွားလဲ?"

"နတ်သမီးလေးက သူ့ကိုတွေ့ချင်ရင် ကောင်းကင်ကိုရအောင် တက်လှမ်းခဲ့ပါလို့ ပြောလိုက်တယ်လေ... သူ့ကိုမကြာခဏ တွေ့နိုင်မယ့် နည်းလမ်းကတော့ ကျောက်စိမ်းရတနာတစ်ခု ရအောင်လုပ်ပါတဲ့.... လူငယ်က နတ်သမီးလေး ပေးတဲ့နည်းလမ်းအတိုင်း ကျောက်စိမ်းရတနာကို လုပ်ခဲ့တယ် သူနတ်သမီးကို တွေ့သွားရလား ဘယ်သူမှ မသိကြပေမယ့် သူလုပ်ခဲ့တဲ့ ရတနာကို ထူးခြားတဲ့ တခြားလောကမှာရှိတဲ့ အရာတွေကို ဆွဲယူလို့ရတယ်ဆိုပြီး လူတွေက ယုံကြည်သွားတယ်"

"....နောက်တော့ ဆရာကြီးကျန်းက လက်ကောက်ကို ရှာတွေ့သွားတာလား?"

Controlling not to love you (OC) Completed Where stories live. Discover now