🍄Part (79)🍄နာကျင်မှုတွေ

770 84 0
                                    

Controlling not to love you

🍄79🍄
[နာကျင်မှုတွေ]

ရှင်ထန့်ဟောင်နှင့် ပေကောလွီတို့ လိုက်ရှာရင်း လုံးရှန်းတောင် မြောက်ဘက်က တောအုပ်ကလေးထဲကို ရောက်လာခဲ့၏။ သူတို့ခြေလှမ်းတွေ တစ်ဝက်မှာတင် ရပ်သွားသည်။

"အစ်ကိုကြီး.... သူတို့ရောက်လာပြီ"

လူငယ်တစ်ယောက်က ပြောလိုက်သည်။ လူ၇ယောက်လောက် ပါဝင်သော အဖွဲ့သည် ချိန်ယင်ကို တစ်ကိုယ်လုံး ကြိုးတုပ်ကာ မြေကြီးပေါ်တွင် ပစ်ချထားသည်။ ပေကောလွီ လက်သီးတင်းတင်း ဆုပ်ကာ သူ့ဘေးမှာ တွေ့တဲ့ နွယ်ကြိုးတစ်ချောင်းကို ရစ်ယူလိုက်သည်။

နွယ်ကြိုးကို ထိုလူတွေဘက်ကို ဝေ့ယမ်းလိုက်သည်။

"သတိထား!"

"သတိထားကြ!"

သူတို့အချင်းချင်း အော်ဟစ် သတိပေးပြီးတော့ နွယ်ကြိုးရဲ့ ရိုက်ချက်ကို ရှောင်လိုက်ကြသည်။ နွယ်ကြိုးက နောက်တစ်ချက် ထပ်ရောက်လာ၏။ ကြိုးက ချိန်ယင်ကို ရစ်ပတ်ပြီးသားဖြစ်သွားသည်။

ပေကောလွီ ကြိုးကိုပြန်စောင့်ဆွဲလိုက်ကာ ချိန်ယင်ကို ပွေ့ဖမ်းထားလိုက်သည်။

"ချိန်ယင်....ချိန်ယင်...."

ချိန်ယင်က သတိလစ်နေပြီ။

"လွီ သူ့ခေါ်သွား...ဒီလူတွေ ကိုယ်ရှင်းထားလိုက်မယ်"

"မင်း သတိထားဦး"

"အွန်း"

ပေကောလွီလည်း ချိန်ယင်ကို ချည်ထားတဲ့ ကြိုးမှန်သမျှကို ဆွဲဖြတ်ပစ်လိုက်သည်။ ချိန်ယင်က အသက်၂၀ပင် မပြည့်သေးတဲ့ ကလေးဖြစ်ပြီး လူကလည်း အကောင်သေးလို့ ပေကောလွီအတွက် ပွေ့ချီသွားဖို့ မခက်ခဲပေ။

ပေကောလွီ ကိုယ်ဖော့သိုင်းဖြင့် ပြေးသည်။ လမ်းမှာ တခြားရန်သူတွေနဲ့ တွေ့မှာ ကြောက်မိသော်လည်း သူ ပန်ကုန်းစွန်းနဲ့သာ ဆုံခဲ့သည်။ ပန်ကုန်းစွန်းက သမားတော်ခေါ်ဖို့အတွက် အပြေးကလေး ထွက်သွား၏။ ပေကောလွီ နန်းဆောင်နား ရောက်ခါနီးတော့မှ ချင်းသွမ့်ကို တွေ့ရလေသည်။

ချင်းသွမ့်က တစ်နေရာရာကနေ ပြန်လာပုံပေါ်၏။

"အစ်ကို၄.... ဘယ်ကပြန်လာတာလဲ"

Controlling not to love you (OC) Completed Where stories live. Discover now