🍄Part (2)🍄 သတို့သမီးအသစ်လေး စိတ်ဆိုးနေခြင်း

3.7K 410 6
                                    

Controlling not to love you

                     🍄2🍄
         [သတို့သမီးအသစ်လေးစိတ်ဆိုးနေခြင်း]

       ကိုယ်လုပ်တော်ချင်းကုက ရှင်ထန့်ဟောင်ညီလာခံကနေ ထွက်လာလာချင်း ငိုယိုပြီး သူမကို ပေကောလွီက ငေါက်ခဲ့ကြောင်း တိုင်တန်းခဲ့ပုံကို ပေကောလွီ စိတ်ထဲကနေ တွေးကြည့်မိပြီးသား ဖြစ်သည်။ ဒါကြောင့်လည်း ရှင်ထန့်ဟောင်က ချက်ချင်းပြေးလာပြီး မြှားနဲ့ ပစ်ခဲ့တာလေ။

       ရှင်ထန့်ဟောင်ရဲ့ အံ့သြနေတဲ့ မျက်လုံးတွေသည် ပေကောလွီရဲ့ အေးစက်နေတဲ့ အကြည့်တွေနဲ့ ဆုံသွား၏။ သို့သော် ရှင်ထန့်ဟောင်က သူအံ့သြနေတဲ့ ပုံစံကို ချက်ချင်း ဖယ်ရှားပစ်လိုက်ကာ ဘေးက ရဲမတ်တစ်ယောက်ကို လေးအားပစ်ပေးလိုက်သည်။

        ထို့နောက် သူသည် ပေကောလွီဆီကို လျှောက်လာခဲ့၏။ ပေကောလွီကတော့ သူ့ကိုအေးစက်စက် ကြည့်နေဆဲ။ ဘာကြောင့်လဲဆိုတာ သူမသိသော်လည်း ပေကောလွီက လူတစ်ယောက်ကို အဲ့ဒီလို စိုက်မကြည့်တတ်တာကိုတော့ သူသိထားသည်။

"ဘာဖြစ်လို့လဲ ကိုယ်ညက မင်းဆီမလာလို့ စိတ်ဆိုးနေတာလား"

        တင်ချွိုက် ဧကရာဇ်အား ဂါဝရပြုလိုက်သည်။ ပေကောလွီလည်း လက်နှစ်ဖက်ထပ်လျက် ဂါဝရပြုလိုက်လေ၏။ ရှင်ထန့်ဟောင်က ပြုံး၍ ပေကောလွီအား ထူမရန် လက်ပြင်လိုက်စဥ် ထူးဆန်းစွာပဲ ပေကောလွီ အနောက်ကို နှစ်လှမ်းဆုတ်သွားသည်။

("သူငါ့ကို တကယ်ကြီး စိတ်ဆိုးနေတာလား")

"ဟားဟား.... မင်းက ကိုယ့်ကို တကယ်ကြီး စိတ်ဆိုးနေတာပဲ"

        ပေကောလွီက သူ့ခါးကို ပြန်မတ်ကာ ရှင်ထန့်ဟောင် နဲ့ မျက်နှာချင်းဆိုင်လိုက်သည်။ သူ့အကြည့်တွေက ရေခဲချွန်တွေလိုပဲ စူးရှရှနဲ့ အေးစက်လှတာကြောင့် ရှင်ထန့်ဟောင်ပင် ကြောင်သွား၏။

        သူအရင်က ပေကောလွီကို မျက်နှာချင်းဆိုင် မတွေ့ဖူးပေ။ လက်ထပ်စာချုပ်အတွက် ဆွေးနွေးတုန်းက ပေကောလွီရဲ့ အကြံပေးအမတ်ကြီးကသာ လာရောက်စီစဥ်ပေးပြီး ပေကောလွီက မင်္ဂလာပွဲနေတုန်းကလည်း ပဝါအနီကြီးကို မျက်နှာမှာ တပ်ထားတာကြောင့် သူ့ရဲ့မျက်နှာကို မဖတ်နိုင်ခဲ့။

Controlling not to love you (OC) Completed Where stories live. Discover now