🍄Part (80)🍄ပြိုင်ပွဲစတင်ခြင်း

750 84 0
                                    

Controlling not to love you

🍄80🍄
[ပြိုင်ပွဲစတင်ခြင်း]

ထိုညအဖို့ ချင်းသွမ့် သူ့နန်းဆောင်ကို မပြန်တော့ဘဲ ချိန်ယင်ရှိတဲ့ အိမ်ကလေးအပြင်မှာ ငုတ်တုတ်ထိုင်စောင့်ပေးနေလိုက်သည်။ အနာရှိန်ကြောင့် ချိန်ယင်အဖျားတက်ကောင်း တက်လာနိုင်သည်။

ချိန်ယင် လိုအပ်ရင် ကူညီပေးရအောင် သူနေခဲ့ရမည်။ အိမ်ထဲကိုတော့ မဝင်ရဲတာကြောင့် ဝါးရုံတွေကြားက ထိုင်ခုံပေါ်မှာပဲ ငုတ်တုတ်ထိုင်နေလိုက်၏။ ပေကောလွီမှာလည်း ချင်းသွမ့်ကို စကားပြောချင်စိတ် မရှိသေးတာကြောင့် ရှင်ထန့်ဟောင်ကို ခေါ်ကာ သူတို့အဆောင်ဘက်ကို ပြန်လာခဲ့သည်။

အပြန်လမ်းမှာ နှင်းတွေက ပိုကျလာသည်။ ရှင်ထန့်ဟောင် လက်ဖျောက်တစ်ချက် တီးလိုက်တဲ့အခါ အမှောင်ထဲကနေ အရိပ်တစ်ခုက ပြေးလာပြီး သူ့လက်ထဲကို အနွေးဝတ်ရုံ တစ်ထည် ပေးသွား၏။

ပေကောလွီ - "......"

ရှင်ထန့်ဟောင်သူ့ကို ခြုံပေးလာသည်။

"ဇနီးလေး အေးနေမှာစိုးလို့...."

ပေကောလွီ ဒီတစ်ခါတော့ ပြုံးလိုက်ပါ၏။ ရှင်ထန့်ဟောင် သူ့လက်ချောင်းတွေကို ဆုပ်လျက် ရှေ့ဆက်လျှောက်လာခဲ့သည်။

"ထန့်ဟောင် မင်းနဲ့အစ်ကို၄ စောစောက ဘာပြောနေကြတာလဲ"

"ဪ ကိုယ်သူ့ကို နည်းနည်းပါးပါး အကြံပေးလိုက်ရုံပါ.."

"ဘာအကြံလဲ?"

"ချိန်ယင်သာသူ့ကို ဒုတိယအကြိမ် အခွင့်အရေး ပြန်ပေးလာရင် သေချာပေါက် တန်ဖိုးထားပေးဖို့လေ"

ပေကောလွီ အံ့ဩသွားသည်။

"မင်း....."

"ကိုယ်နန်းတော်မှာ နေတုန်းကဆို မင်းကိုယ့်အပေါ် အေးစက်စက် ဆက်ဆံတာတွေကို လုံးဝ မခံစားနိုင်ဘူး ကိုယ်မင်းနှလုံးသားကို အရယူဖို့ ဆုံးဖြတ်ထားခဲ့တယ် မင်းသာကိုယ့်ကို အခွင့်အရေး ပေးလာရင် ကိုယ်သေချာပေါက် တန်ဖိုးထားမှာလို့လည်း ရည်ရွယ်ထားခဲ့...."

သူ စကားမဆုံးလိုက်ခင်မှာ အနှီလူသားလေးသည် သူ့ရင်ခွင်ထဲ ကြောင်လေးတစ်ကောင်လို တိုးဝင်လာတော့သည်။ ဝတ်ရုံအောက်က လက်တွေနဲ့ ရှင်ထန့်ဟောင်ခါးကို ပြတ်ထွက်မတတ် ဖက်ထား၏။

Controlling not to love you (OC) Completed Where stories live. Discover now