🍄Part (59)🍄တိမ်နဂါးဓား

932 111 2
                                    

Controlling not to love you

                             🍄59🍄
                    [တိမျနဂါးဓား]

ရှင်ထန့်ဟောင် ဆွေးနွေးချက်တွေကြောင့် ခေါင်းမူးလာသော ပေကောလွီအတွက် ခေါက်ဆွဲပြားတစ်ပွဲ သွားယူပေးလိုက်သည်။ အဲဒါအပြင်သူက ပေကောလွီ ကိုယ်လက်သန့်စင်ဖို့ ရေဇလုံနဲ့ပိတ်သားတစ်စပင် ယူလာသေး၏။

ပေကောလွီမှာ အရသာရှိသော ညလယ်စာကို စားနေရင်း ရှင်ထန့်ဟောင် သူ့ဝေယျာဝစ္စတွေကို လိုက်လုပ်ပေးနေတာကိုမြင်တော့ နင်တောင်သွားသည်။

"ထန့်ဟောင် အဟွတ်!"

ရှင်ထန့်ဟောင် ရေချိုးဆောင်ထဲက ပြန်ထွက်လာသည်။

"လွီ..... စားပြီးရင် သန့်စင်လိုက်တော့"

ပေကောလွီ ရေတစ်ခွက် အမြန် မော့သောက်လိုက်ပြီးနောက် ရှင်ထန့်ဟောင်ကို အံ့သြတကြီးနဲ့ ကြည့်လိုက်လေသည်။

"မင်း ဘာတွေလျှောက်လုပ်နေတာလဲ?"

"ကိုယ်ဘာလုပ်လို့လဲ?"

"ဒီအိမ်မှာ အဲဒါလုပ်ဖို့ လူတွေရှိတယ် မင်းသူတို့ကိုမှာလိုက်ရင် ရတယ်လေ.... မင်းကိုယ်တိုင် လုပ်စရာမလိုဘူး"

"ကိုယ်သိတယ် ဒါပေမဲ့ ကိုယ်လုပ်ချင်တယ်.... "

"........"

ပေကောလွီ တစ်စုံတစ်ခုကို ရုတ်တရက် သံသယဝင်သွားကာ စားလို့တစ်ဝက်ကျိုးနေပြီ ဖြစ်တဲ့ ခေါက်ဆွဲကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ရှင်ထန့်ဟောင်ကို တစ်ခါပြန်ကြည့်၏။

"ဒါ ဒါကော မင်းလုပ်ထားတာလား?"

ရှင်ထန့်ဟောင်ပြုံးလျက် သူ့ကိုအံ့သြကြီးစွာဖြင့် ငေးကြည့်နေသူအား မေးထောက်လျက် ပြန်ကြည့်လိုက်သည်။

"ဘယ်လိုလဲ? အရသာရှိလား?"

"......."

"ကြည့်ရတာ အရသာမရှိဘူး ထင်ပါတယ်"

ရှင်ထန့်ဟောင် လက်လှမ်း၍ ခေါက်ဆွဲပန်းကန်ကို ယူဖို့ပြင်လိုက်ပေမယ့် မထင်မှတ်ဘဲ ပေကောလွီက ခေါက်ဆွဲပန်းကန်ကို ပြန်ဆွဲထား၏။ ရှင်ထန့်ဟောင် မျက်ခုံးပင့်ပြလာသော်လည်း ပေကောလွီ မသိသလိုနေကာ အမဲသားခေါက်ဆွဲကို ဆက်စားနေလိုက်သည်။

Controlling not to love you (OC) Completed Where stories live. Discover now