🍄Part (26)🍄ချစ်သူထံကအပေးအယူ

1.5K 177 0
                                    

Controlling not to love you

                            🍄 26🍄
              [ချစ်သူထံကအပေးအယူ]

ရှင်ထန့်ဟောင်ရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်ကို ဖိနှိပ်ထားနိုင်ဖို့အတွက် ရေစည်ထဲ စိမ်နေရတဲ့အချိန်မှာ ပေကောလွီ ရေစည်ဘေးတွင် ထိုင်လျက် စောင့်နေပေးရသည်။ သူအစက ဧည့်ခန်းထဲမှာပဲ စောင့်နေချင်ခဲ့တာ။ သို့သော်လည်း ရှင်ထန့်ဟောင်ကသူ့ကို ရေချိုးဆောင်ထဲအထိ ဆွဲခေါ်သွား၏။

သူ ရေစည်ဘေးမှာ ဒီအတိုင်း ငုတ်တုတ်ထိုင်နေရသည်။ အင်မတန် ပျင်းစရာကောင်းတယ်လို့ ခံစားရ၏။

"လွီ..... လွေ့ဧကရာဇ်က လွေ့မန်ကုကို ဘယ်နေရာမှာ ဝှက်ထားမယ်လို့ထင်လဲ?"

ပေကောလွီရဲ့ မျက်လုံးတွေ လေးနက်သွားသည်။ တကယ်တော့ သူအပါအဝင် ကျန်ရှိနေတဲ့ ဆရာတူမောင်နှမတွေကလည်း အဲဒါကို စဥ်းစားနေတာ ဖြစ်၏။

"မပြောတတ်ဘူး..... ငါတစ်ခါမှ အဲဒီနန်းတော်ထဲကို မရောက်ဖူးဘူး "

"ကိုယ်ခန့်မှန်းကြည့်ပေးရမလား? ကိုယ့်ခေါင်းထဲမှာ လွေ့နန်းတော်ရဲ့ မြေပုံရှိတယ်"

ပေကောလွီ ခါးဆန့်သွားသည်။ ရှင်ထန့်ဟောင်က အရမ်းဗဟုသုတ ကြွယ်ဝတာကို မေ့ထားလို့ မဖြစ်ဘူးလေ။ လွေ့နန်းတော်ရဲ့ မြေပုံကို လိုချင်လျှင် ဒီမြို့စျေးထဲမှာ အလွယ်တကူ ရှာလို့မရဘူး။

နန်းတော်ထဲမှာ ဆိုရင်တောင်မှ မလွယ်ဘူး။ ဒါပေမဲ့ ရှင်ထန့်ဟောင်ကတော့ သိနေတယ်တဲ့လေ။ ဒါက ပေကောလွီတို့ နန်းတော်ထဲဝင်ဖို့ ခက်ခက်ခဲခဲ တွေးနေစရာမလိုဘဲ လွယ်လွယ်ကူကူ ဝင်နိုင်မယ့် နည်းလမ်းတစ်ခုပဲ။

အကယ်၍ သွေးမာန်အဟူ နဂါးလက်ကောက်ကို လိုချင်နေသူများသည် လွေ့မန်ကုကို ဖိအားပေးရင်ပေး မပေးနိုင်ရင် သူ့ကိုသတ်ပြီး ယူကြလိမ့်မည်။ ဒါကတော့ လုံးဝမဖြစ်ပါ။ ပေကောလွီသည် သူ့ရဲ့ဆရာတူအစ်ကိုကို ဘယ်လို ကယ်ထုတ်ရမလဲ ဆက်လတ်၍ အတွေးဝင်သွားသည်။

"အဟမ့်.....လွီ"

"ဟင်..... ဘာဖြစ်လို့လဲ?"

"မင်းရဲ့အစ်ကိုကြီး တုံးဖန်းနဲ့ လွေ့မန်ကုရဲ့ ဆက်ဆံရေးက ကိုယ်တို့လိုပဲ မဟုတ်လား?"

Controlling not to love you (OC) Completed Where stories live. Discover now