🍄Part (11)🍄ဧကရီအသစ်တင်မြှောက်ပြီ

2.8K 325 2
                                    

Controlling not to love you

                      🍄 (11)🍄
          [ဧကရီအသစ်တင်မြှောက်ပြီ]

"အစ်ကိုထန့်ဟောင်..... အစ်ကိုထန့်ဟောင်"

        ပေကောလွီရဲ့ အတွေးနယ်ချဲ့နေမှုကို မိန်းမပျိုတစ်ယောက်၏ အသံသာသာက ဖျက်စီးသွားလေသည်။ သူတို့နှစ်ယောက်လုံး အသံလာရာဘက်ကို လှမ်းကြည့်လိုက်သော် ဂါဝန်အဝါနဲ့ မိန်းကလေးတစ်ယောက် ပြေးလာနေတာကို တွေ့လိုက်ရလေသည်။

        သူမက သူမရဲ့ အဝါရောင် ဂါဝန်လေးကိုမလျက် ရေလယ်နန်းဆောင်ဆီကို ပြေးလာ၏။ တံတားကိုဖြတ်၍ ပျော်ပျော်ရွှင်ရွှင် ပြေးလာရင်း အထိန်းတော်ကြီး တားလိုက်တာကိုပင် ဂရုမထားတော့ဘဲ ပိတ်ပါးစတွေကို ဖြတ်ကျော်သွားသည်။

"အစ်ကိုထန့်..... ဟောင်"

        သူမ၏ ပျော်ရွှင်နေမှုသည် ရှင်ထန့်ဟောင်ဖက်ထားသော တစ်စုံတစ်ယောက်ကို မြင်လိုက်ရချိန်မှာတော့ ဖျက်စီးသွားလေသည်။ သူမမျက်နှာပေါ်က အပြုံးတွေဟာလည်း ကြွေလွင့်သွား၏။

ရှင်ထန့်ဟောင် - "ယွမ်းယောင် မင်း ဒေါင်းခုနှစ်ကောင်ဂိုဏ်းမှာ ပညာသင်နေတာ မဟုတ်လား? ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ?"

         ရှင်ထန့်ဟောင်ကပြောရင်း သူဖက်ထားတဲ့လူကိုပါ လွှတ်ပေးလိုက်သည်။ ပေကောလွီ မသိမသာ မဲ့ပြုံးလေး ပြုံးလိုက်သည်။ ယွမ်းယောင်ကို သူသိ၏။ သူမက ဒေါင်းခုနှစ်ကောင်ဂိုဏ်းတွင် တက်သစ်စ ပါရမီရှင်ဟု အမည်ခံထားရသူ ဂိုဏ်းသူတစ်ဦး ဖြစ်သည်။

        သူမနဲ့ ရှင်ထန့်ဟောင်က အသက်ငယ်စဥ်က ကစားဖော်တွေ ဖြစ်ခဲ့ကြကာ လူတိုင်းက သူတို့နှစ်ယောက်ကို နေနဲ့လလို လိုက်ဖက်ကြောင်း ပြောခဲ့ကြသည်။ ယွမ်းယောင်အတွက် ရှင်ထန့်ဟောင်က သူမ၏အချစ်ဦးပင်။

        ရှင်ထန့်ဟောင်အတွက် သူမက အချစ်ဦး ဟုတ်သလား မဟုတ်ဘူးလား သူမသိသော်လည်း ရှင်ထန့်ဟောင် ယွမ်းယောင်ကို စိတ်ဝင်စားခဲ့ဖူးတာတော့ သူသိ၏။ ယခုလည်း သူမရောက်လာတာနဲ့ သူ့ကိုဖက်ထားတာကို လွှတ်လိုက်သည်လေ။

        ဒါက တစ်ခုခုကို သက်သေပြနေသလိုပင်။

        ယွမ်းယောင်သည် အစက ဆူပုတ်စောင့်အောင့်နေသော်လည်း ရှင်ထန့်ဟောင်က တစ်ဖက်လူကို လွှတ်လိုက်တာကို တွေ့သောအခါ သူမစိတ်က ပြန်လည်ကြည်လင်လာကာ ရှင်ထန့်ဟောင်ရှေ့တွင် ထိုင်လိုက်လေတော့သည်။ သူမသည် သာမန်ထက် ပိုတောက်ပသော အပြုံးကိုပြုံးလျက်။

Controlling not to love you (OC) Completed Where stories live. Discover now