🍄Extra (1)🍄

1.6K 120 3
                                    

Controlling not to love you

Extra (1)
[အချိန်က ခုနှစ်ရက်သာ....]

မျက်လုံးတစ်စုံ ဖွင့်လိုက်ချိန်တွင် အပြာရောင် ကောင်းကင်ကြီးကို ပထမဦးစွာ မြင်တွေ့လိုက်ရသည်။

အပြာရောင်ကောင်းကင်။ သူသေသွားပြီ မဟုတ်လား။ သူ ရှင်ထန့်ဟောင်ဘေးမှာ လဲလျောင်းရင်း သေဆုံးသွားခဲ့ပြီးသား။ သူတို့နှစ်ယောက်လုံး ရေခဲကျောက်စိမ်း ခေါင်းတလားထဲမှာ မင်္ဂလာဝတ်စုံတွေကို ဝတ်ဆင်ထားခဲ့ကြသည်။

တစ်ယောက်လက်ကို တစ်ယောက်ဆွဲထားရင်း ဘယ်တော့မှ ဆွဲဖြုတ်လို့မရမယ့် သံကြိုးတွေလို မြဲမြံနေခဲ့သည်။ နှစ်ဖက်လုံးရဲ့ ရင်ခုန်သံတွေဟာလည်း တိတ်ဆိတ်သွားခဲ့ကြပြီလေ။

ပေကောလွီ သူ့ရင်ဘတ်ပေါ် လက်တင်ကြည့်လိုက်သည်။ သူ့နှလုံးခုန်မနေဘူး။ ဒါဆို သူပြန်ရှင်လာတာ မဟုတ်ဘူးပေါ့။ အခုသူမြင်နေရတဲ့ အပြာရောင်ကောင်းကင်ကြီးက ဘာလဲ။ သူဘယ်ကို ရောက်နေတာလဲ။

"မင်းသတိရလာပြီလား?"

သူစိမ်းတစ်ယောက်ရဲ့ မေးခွန်းထုတ်သံကြောင့် ပေကောလွီ ကောင်းကင်ကြီးကို စူးစိုက်ကြည့်နေရာမှ သတိပြန်ဝင်လာသည်။ ပေကောလွီဘေးကို ခေါင်းစောင်းကြည့်လိုက်သောအခါ လူတစ်ယောက်က သူ့ကိုကျောပေးရပ်နေတာ တွေ့လိုက်ရ၏။

သူပတ်ဝန်းကျင်ကို တဖြည်းဖြည်း သတိထားမိလာသည်။ သူသည် နူးညံ့သော မြက်ခင်းပြင်ထက်တွင် လဲလျောင်းနေရ၏။ လူတစ်ယောက်က သူနဲ့ မလှမ်းမကမ်းမှာ ရပ်နေကာ စကားတစ်ခွန်း မေးပြီးနောက် အသံတိတ်သွားသည်။

ပေကောလွီ အပြာရောင် အရွက်တွေ ဝေဆာနေသော သစ်ပင်ကြီးအောက်ကို ရောက်ရှိနေပြီး သူနဲ့မလှမ်းမကမ်းက လူကလည်း အပြာရောင် ဝတ်ရုံ၊ အပြာရောင် ဆံပင်တွေရှိနေတာ တွေ့ရသည်။

ပေကောလွီ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တော့ သူဟာ အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ထားတုန်းပဲ။ သူသည် တောင်တစ်တောင်ရဲ့ ထိပ်ပိုင်းကို ရောက်နေပြီး ထူးဆန်းသော အပြာရောင်အရွက်နဲ့ သစ်ပင်တွေကလည်း ရှိနေသည်။

Controlling not to love you (OC) Completed Where stories live. Discover now