🍄Extra end🍄

2.1K 154 4
                                    

Controlling not to love you

Extra (2) end
[ငါမင်းနဲ့မခွဲနိုင်လို့....]

ခေါင်းဆောင်က ပြောလိုက်သည်။

"ဧကရီကို အဆောင်၅ဆီ ခေါ်သွားလိုက်.... အဆောင်မှူးကိုလည်း အကျိုးအကြောင်း သေချာပြောပြလိုက်..."

"ဟုတ်ကဲ့... ဧကရီ ဒီဘက်ကိုကြွပါ"

ပေကောလွီလည်း လူငယ်ကို ကျေးဇူးတင်စကား ဆို၍ ရေစက်ရှိရင် ပြန်ဆုံမယ့်အကြောင်းပြောရင်း နှုတ်ဆက်ခဲ့သည်။ အစောင့်ငယ်လေးက မျက်နှာဖုံး မချွတ်ရသေးသော လူငယ်တစ်ဦးပဲ ဖြစ်ကာ သူက ပေကောလွီကို ဂရုတစိုက်နဲ့ ခေါ်ဆောင်သွားပေးသည်။

ပေကောလွီ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ တစ္ဆေမြို့တော်က အပြစ်ပေးခံရတဲ့ ဝိညာဥ်တွေအတွက် အကျဥ်းထောင်ကို သေချာစီစဥ်ပေးထားပုံ ပေါ်သည်။

အစောင့်လေးကသူ့ကို တံတိုင်းအမြင့်ကြီးတွေ ကြားထဲကနေ အကွေ့အကောက်တွေ များပြားလှသော လမ်းကနေ ခေါ်ဆောင်လာသည်။ ဒါက ပေကောလွီ ဒီနေရာကို အလွယ်တကူ ဝင်ထွက်လို့မရအောင် ကြံစည်ထားတယ်ဆိုတာ သိသာလှသည်။

ဒါကလည်း မထူးဆန်းချေ။ လမ်းအကွေ့အကောက်တွေသာ ရှုပ်မနေခဲ့ရင် အပြစ်ပေးခံရတဲ့ ဝိညာဥ်တွေ ထွက်ပြေးသွားနိုင်သည်လေ။

လမ်းအကွေ့တွေ ဆုံးသောအခါ မြင့်မားသော အုတ်တံတိုင်းနဲ့ ခြံဝန်းတစ်ခုရှေ့ကို ရောက်လာခဲ့သည်။ ခြံဝန်းကို စောင့်နေသူက အသက်ကြီးကြီး ဝိညာဥ်တစ်ခုဖြစ်၏။ သူက အိပ်ငိုက်နေပုံရပြီး ပေကောလွီတို့ ရောက်လာသောအခါမှသာ ပျာပျာသလဲ ထလေသည်။

"ဟင်?... ဘာကိစ္စလဲ?"

"သူက လူတစ်ယောက်ကို လာရှာတာပါ"

"လူလား....ဘယ်သူလဲ? အဆောင်၅မှာက လူတွေအများကြီးပဲလေ"

"ဧကရာဇ်ပါတဲ့.."

"အိုး....."

အဆောင်မှူးက သဘောပေါက်သွားသည်။ သူက ပေကောလွီကို သေချာအကဲခတ် စစ်ဆေးပြီးတော့ လမ်းညွှန်ပေးလိုက်ရာ ပေကောလွီလည်း အဆောင်ထဲကို ပြေးဝင်လာခဲ့တော့သည်။

'ဝုန်း!'

ရုတ်တရက် ကောင်းကင်ကနေ မိုးကြိုးတစ်ချက် ပစ်ချလိုက်သည်။ ပေကောလွီ ရင်ထဲထိတ်သွား၏။ ဒါက ရှင်ထန့်ဟောင်ရဲ့ အပြစ်ဒဏ်များ ဖြစ်နေမလား။

You've reached the end of published parts.

⏰ Last updated: Oct 25, 2022 ⏰

Add this story to your Library to get notified about new parts!

Controlling not to love you (OC) Completed Where stories live. Discover now