🍄Part (27)🍄ထွက်ပြေးချင်နေသူ

1.4K 168 0
                                    

Controlling not to love you

                           🍄 27🍄
              [ထွက်ပြေးချင်နေသူ]

ရှင်ထန့်ဟောင် ပေကောလွီကို စိုက်ကြည့်လိုက်သည်။

"လွီကကိုယ့်မျက်နှာ အမူအရာကိုတောင် သတိထားတတ်နေပြီပေါ့"

ပေကောလွီ ဆွံအသွား၏။ သူတကယ်ပဲ အဲဒီလိုလုပ်မိသွားတာလား။ သူကဒီအတိုင်း မေးကြည့်လိုက်ရုံပါပဲလေ။ ပေကောလွီ ရှင်ထန့်ဟောင်လက်ကို လွှတ်လိုက်ပြီး ရှောင်ထွက်သွားလိုက်သည။

ရွှတ်နောက်နောက်နဲ့ ကြည့်နေတဲ့ အဲဒီမျက်လုံးတွေနဲ့ဆိုရင် သူကြာကြာ ရပ်နိုင်မှာမဟုတ်တာ သူ့ကိုယ်တိုင်သာအသိဆုံး။

သူတို့ နန်းဆောင်အပျက်ကြီးနဲ့ ခြံဝန်းထဲကနေ ထွက်ခွာလာပြီးတော့ အမှောင်ရိပ်ကို ခိုကာ နောက်တစ်နေရာကို ခုန်ကူးခဲ့သည်။ နံရံကိုကန်၍ ပေါ့ပါးစွာ အိမ်အမိုးတစ်ခုပေါ်သို့ တက်လိုက်ကြသည်။

နေရာတိုင်းမှာ အစောင့်တင်းကြပ်ထားသည်။ နန်းဆောင်အများစုမှာ ဖယောင်းတိုင် မီးတွေထွန်းထားကြ၏။

တုံ့ဖန်း - "လွေ့ဧကရာဇ်က မွေးနေ့ပွဲအတွက် လူတော်တော်များများကို ဖိတ်ထားပုံပဲ...."

ပန်ကုန်းစွန်း - "ညီ၃ ဘယ်နေရာမှာရှိမယ်လို့ အစ်ကိုကြီးထင်လဲ?"

တုံ့ဖန်းက ခဏငြိမ်သွားသည်။

"မသိဘူး.... ငါသူ့နှလုံးခုန်သံကို မကြားရဘူး..... သူ့အနံ့ကောပဲ"

တုံ့ဖန်းနှင့် လွေ့မန်ကုသည် စုံတွဲကျင့်ကြံထားကြသူတွေ ဖြစ်လေသည်။ သူတို့ရဲ့ နှလုံးခုန်သံက တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေပြီး တစ်ယောက်အသံကို နောက်တစ်ယောက်က အကွာအဝေးတစ်ခုကနေ ကြားနိုင်ကြ၏။

နှလုံးခုန်သံအကြောင်း ပြောလိုက်တဲ့အခါ စုံတွဲကျင့်ကြံထားတဲ့အကြောင်း ရှင်ထန့်ဟောင် သဘောပေါက်သွားသည်။

"မင်းတို့ကိစ္စကို မင်းတို့ဆရာသိလား?"

တုံ့ဖန်းက ရှင်ထန့်ဟောင်ကို လှည့်ကြည့်လိုက်၏။

"ငါတို့က ဆရာ့ကို ဆရာတင် ဂါဝရပြုထားကြတာ မဟုတ်ဘူး... ရှစ်ဖူကို လေးစားတဲ့အတွက် ဒုတိယအဖေလိုပဲ ရှစ်ဖူလို့ ခေါ်လိုက်ရုံပဲ.... ဒါကြောင့် ငါနဲ့ကုအာရဲ့ ကိစ္စကို ရှစ်ဖူမတားမြစ်ဘူး...."

Controlling not to love you (OC) Completed Where stories live. Discover now